၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ
မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်

မြန်မာနိုင်ငံတစ်ဝန်းလုံးရွေးကောက်ပွဲကျင်းပခဲ့သည့် မြို့နယ် ၃၁၅ မြို့နယ်၏ မဲစာရင်းစိစစ်ခြင်းနှင့် မြေပြင်ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခြင်း

 ပြည်ထောင်စု‌ရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၅၃ အရ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ ရွေးကောက်ပွဲကျင်းပခဲ့သည့် မြို့နယ် ၃၁၅ မြို့နယ်၏ မဲဆန္ဒရှင်စာရင်းများကို မြို့နယ်အလိုက် အသေးစိတ်စိစစ်ခဲ့ပြီး မြို့နယ် အသီးသီးရှိ မဲရုံတစ်ခုချင်းအလိုက် မဲပေးခဲ့မှုအခြေအနေများနှင့် ဆန္ဒမဲလက်မှတ်များကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များက သက်ဆိုင်ရာ မြို့နယ်အလိုက် ယခင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးများ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ဦးစီးမှူးများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ သက်ဆိုင်ရာနိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များနှင့်အတူ မြေပြင် ဖွင့်ဖောက်စစ်ဆေးမှုများကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှ ဇူလိုင်လ ၄ ရက်နေ့အတွင်း သွားရောက်ဆောင်ရွက်ခဲ့ပြီး သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ၊ မဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များနှင့်လည်း တွေ့ဆုံ၍ ရွေးကောက်ပွဲဆိုင်ရာ မဲမသမာမှုများနှင့် တရားမဲ့ပြုကျင့်မှုများကို စုံစမ်းမေးမြန်းဆောင်ရွက်ခဲ့ပါသည်။

 ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် တိုင်းဒေသကြီး/ ပြည်နယ် အသီးသီးရှိ မြို့နယ် ၃၁၅ မြို့နယ်၌ မဲရုံပေါင်း ၃၉၉၆၃ ရုံ၊ မဲဆန္ဒရှင်စုစုပေါင်း ၃၈၂၇၁၄၄၇ ဦး ရှိသည့်အနက် ၂၇၅၁၂၈၅၅ ဦး မဲပေးခဲ့ကြသဖြင့် မဲပေးမှုရာခိုင်နှုန်း ၇၁.၈၉ ရာခိုင်နှုန်းရှိခဲ့ပြီး နိုင်ငံရေးပါတီ ၈၇ ပါတီ ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်း ၅၆၃၉ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါသည်။ [1]

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူအရေအတွက်နှင့် မဲပေးသူအရေအတွက် အခြေပြဇယား
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူအရေအတွက်နှင့် မဲပေးသူအရေအတွက် အခြေပြဇယား
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒနယ်အလိုက် လွှတ်တော်ကိုယ်စားလှယ်လောင်းများ ဝင်ရောက်ယှဉ်ပြိုင်မှု အခြေပြဇယား
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒနယ်အလိုက် လွှတ်တော်ကိုယ်စားလှယ်လောင်းများ ဝင်ရောက်ယှဉ်ပြိုင်မှု အခြေပြဇယား
မြို့နယ် ၃၁၅ မြို့နယ်၏ မဲဆန္ဒရှင်စာရင်းများ စစ်ဆေးတွေ့ရှိချက်များ၊
မြို့နယ် ၃၁၅ မြို့နယ်၏ ဆန္ဒမဲလက်မှတ်များ မြေပြင်ကွင်းဆင်း စစ်ဆေးတွေ့ရှိ ချက်များ၊
ဆန္ဒမဲပေးမှုအခြေအနေ စစ်ဆေးတွေ့ရှိချက်များ၊