ပြည်ထောင်စုတစ်ဝန်းလုံး၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲနှင့်စပ်လျဉ်း၍ အောက်ပါအတိုင်း ဥပဒေနှင့်ညီညွတ်မှု မရှိသော မှားယွင်းမှုများ ဖြစ်ပေါ်ခဲ့ကြောင်း စိစစ်တွေ့ရှိရပါသည်-
(က) | ယခင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဝန်ကြီးချုပ်များမှ ခန့်အပ်လိုသူများအား ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအဖြစ် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ကြောင်း စိစစ်တွေ့ရှိရပါသည်။ | ||||||
( ခ ) | ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ ညွှန်ကြားချက်အရ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်များ ဦးဆောင်သည့် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် ပံ့ပိုးကူညီရေးအဖွဲ့ကိုဖွဲ့စည်းခဲ့ရာ ယင်းအဖွဲ့ကြောင့်ပင် လူဦးရေစာရင်းများထပ်ကာ မဲဆန္ဒရှင်စာရင်းများ ၂ ကြိမ်၊ ၃ ကြိမ်နှင့်အထက် ပါဝင်မှုများဖြစ်ပွားခဲ့ပါသည်။ | ||||||
( ဂ ) | မဲစာရင်းများပြုစုရန်အတွက် လူဦးရေစာရင်းအချက်အလက်များ ကောက်ယူရာတွင် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများက ဥက္ကဋ္ဌ အဖြစ်ပါဝင်သည့် လူဦးရေစာရင်း ကောက်ယူရေး လုပ်ငန်းအဖွဲ့က အဓိကဆောင်ရွက်ခဲ့ပါသည်။ မဲဆန္ဒရှင်စာရင်းများ မြေပြင်ကောက်ယူရာတွင် NLD အစိုးရက ခန့်အပ်ထားသည့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် အချို့နေရာများတွင် NLD ပါတီ၏ အောင်နိုင်ရေးအဖွဲ့များ ပူးပေါင်းကောက်ယူကြောင်း စိစစ်သိရှိရပါသည်။ ယင်းသို့ စာရင်းများ ကောက်ယူရာတွင် ရပ်ကွက်/ ကျေးရွာအတွင်း အမှန်တကယ်နေထိုင်ခြင်း ရှိ/မရှိ၊ နိုင်ငံသားစိစစ်ရေးကတ် ရှိ/ မရှိ၊ သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေအရ မဲပေးပိုင်ခွင့်ရှိသူ ဟုတ်/ မဟုတ် စိစစ်နိုင်ခြင်း မရှိခဲ့သည့်အတွက် မဲစာရင်းတွင် နိုင်ငံသားစိစစ်ရေးကတ် မရှိသူများ အစုလိုက်အပြုံလိုက် ပါဝင်ခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်အမှတ်တစ်ခုတည်းဖြင့် မဲစာရင်း ၂ ကြိမ်၊ ၃ ကြိမ်နှင့်အထက် ပါဝင်နေခြင်းတို့ကို စိစစ်တွေ့ရှိရပါသည်။ သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ အခန်း (၆) မဲစာရင်းပြုစုခြင်းပါ ပုဒ်မ ၁၅ (ဂ) တွင် “မဲဆန္ဒနယ်များရှိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မည်သူမဆို သက်ဆိုင်ရာ မဲဆန္ဒနယ်၏ မဲစာရင်းတစ်ခုမှအပ အခြားမဲဆန္ဒနယ်၏ မဲစာရင်းများ၌ တစ်ချိန်တည်းတွင် အမည်စာရင်း ပါဝင်ခြင်း မရှိစေရ” ဟု ပြဋ္ဌာန်းထားသော်လည်း မဲစာရင်းများ ကောက်ယူရာတွင် ဥပဒေနှင့် ညီညွတ်ခြင်းမရှိသော မှားယွင်းမှုများကို တွေ့ရှိရပါသည်။ သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၁၉ (ခ) အရ မဲစာရင်းတွင် ပါဝင်ခွင့်မရှိဘဲ ပါဝင်ကြောင်း တွေ့ရှိလျှင် ထိုအမည်များကို မဲစာရင်းမှ ပယ်ဖျက်ရမည်ဟု ပြဋ္ဌာန်းထားသော်လည်း ပယ်ဖျက်ခြင်းမရှိဘဲ ထည့်သွင်းမဲပေးခဲ့ကြောင်း စိစစ်တွေ့ရှိရပါသည်။ | ||||||
(ဃ) | အသက် ၆၀ နှစ်နှင့်အထက် မဲဆန္ဒရှင်များ ကြိုတင်မဲပေးရန်အတွက် ရွေးကောက်ပွဲ နေ့မတိုင်မီ ၂၉-၁၀-၂၀၂၀ ရက်နေ့မှစတင်၍ ဆောင်ရွက်နိုင်ကြောင်း ယခင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ညွှန်ကြားချက် ထုတ်ပြန်ဆောင်ရွက်ခဲ့သည့် အတွက် ကြိုတင်ဆန္ဒမဲများ ကောက်ခံရာတွင် အချို့နေရာများ၌ NLD ပါတီ အောင်နိုင်ရေးအဖွဲ့များပါဝင်၍ နေအိမ်များသို့ သွားရောက်ကာ ဆောင်ရွက်ခဲ့ကြ သဖြင့် ဥပဒေနှင့်မညီသော မဲပေးမှုဖြစ်စဉ်များ ပေါ်ပေါက်ခဲ့သည်။ ကိုဗစ်-၁၉ ရောဂါနှင့်စပ်လျဉ်း၍ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်အရ မိမိမဲဆန္ဒနယ်သို့ ပြန်လည်ဆန္ဒမဲပေးခြင်း မပြုနိုင်သည့် မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲပေးရန် အသိပေးကြေညာချက်ကို ၈- ၁၀- ၂၀၂၀ ရက်နေ့နှင့် ညွှန်ကြားချက်ကို ၁၁- ၁၀- ၂၀၂၀ ရက်နေ့တို့တွင် ယခင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာ ဆောင်ရွက်ခဲ့ပါသည်။ ယင်း ညွှန်ကြားချက်များကြောင့် မဲစာရင်းများထပ်ခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်မရှိသူများ အစုလိုက်အပြုံလိုက်မဲစာရင်းတွင် ထည့်သွင်း၍ မဲပေးခဲ့ခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း စိစစ်တွေ့ရှိရပါသည်။ | ||||||
(င) | ဆန္ဒမဲပေးသည့်အခါတွင် နိုင်ငံသားစိစစ်ရေးကတ်မရှိသူ မဲဆန္ဒရှင်များ မဲပေးခွင့် ရရှိရေးအတွက် ယခင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၁၉-၈-၂၀၂၀ ရက်နေ့တွင် ညွှန်ကြားချက်ထုတ်ပြန်၍ ဆောင်ရွက်ခဲ့သဖြင့် မဲရုံများတွင် နိုင်ငံသား စိစစ်ရေးကတ် စိစစ်မှု မပြုနိုင်သော မဲဆန္ဒရှင်သက်သေခံလက်မှတ်များဖြင့် မဲပေး ခဲ့ခြင်းကြောင့် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေများနှင့် ညီညွတ်မှု မရှိသော နိုင်ငံသားစိစစ်ရေးကတ် မရှိသူများ မဲပေးခွင့်ပြုခဲ့ခြင်း၊ နိုင်ငံသားစိစစ်ရေး ကတ်အမှတ် တစ်ခုတည်းဖြင့် ၂ ကြိမ်၊ ၃ ကြိမ်နှင့်အထက် မဲစာရင်းတွင် ပါဝင်သူများ မဲပေးခွင့်ရရှိခဲ့ကြသဖြင့် သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၅၉ ပါ ပြဋ္ဌာန်းချက်များကို ကျူးလွန်ဖောက်ဖျက်မှုများရှိခဲ့ကြောင်း စိစစ်တွေ့ရှိရပါသည်။ ရွေးကောက်ပွဲနေ့တွင် မဲရုံများ၌ အသုံးပြုခဲ့သည့် ဆန္ဒပြုအမှန်ခြစ်တံဆိပ်တုံးများနှင့်စပ်လျဉ်း၍ ဆောင်ရွက်ရာတွင် UEC တံဆိပ် မပါရှိသည့် အမှန်ခြစ်တံဆိပ်တုံး ရိုက်နှိပ်ထားသော မဲလက်မှတ်များကို တွေ့ရှိပါကလည်း ခိုင်လုံမဲအဖြစ်သတ်မှတ် မည်ဖြစ်ကြောင်းညွှန်ကြားခဲ့ခြင်းသည် မဲရေတွက်မှုများတွင် ရှုပ်ထွေးမှုများ ဖြစ်ပေါ် စေခဲ့သဖြင့် မဲရလဒ်များ မှန်ကန်မျှတမှု မရှိကြောင်း စိစစ်တွေ့ရှိရပါသည်။ | ||||||
(စ) | ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ မဲဆွယ်စည်းရုံးခွင့်ကာလ၊ ကြိုတင်ဆန္ဒမဲနှင့် ဆန္ဒမဲပေးသည့်နေ့ရက်များတွင် NLD ပါတီ ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် ရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့များအနေဖြင့် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်များ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်များ၊ ဒေသန္တရအမိန့်များကို ဖောက်ဖျက်ကျူးလွန်ခဲ့ကြောင်း တွေ့ရှိရပြီး ယခင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့် သီးခြားလွတ်လပ်သော အဖွဲ့အစည်းတစ်ခုအဖြစ် မရပ်တည်ဘဲ အာဏာရ NLD ပါတီ၏ ဖိအားပေး လွှမ်းမိုးထိန်းချုပ်ခံရသဖြင့် ရွေးကောက်ပွဲလုပ်ငန်းစဉ်များတွင် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်နိုင်ခဲ့ခြင်း မရှိကြောင်း စိစစ်တွေ့ရှိရပါသည်။ | ||||||
(ဆ) | မဲစာရင်းများတွင် အကြိမ်ကြိမ် ပါဝင်နေခြင်းသည် ရွေးကောက်ပွဲဆိုင်ရာ မဲမသမာမှုပြုရန် အခွင့်အလမ်းတစ်ရပ်သဖွယ်ဖြစ်နေပြီး မဲစာရင်း ၂ ကြိမ်/ ၃ ကြိမ် ပါဝင်နေသူများအနက် တစ်ကြိမ်ထက် ပိုမိုဆန္ဒပြုထားသူများကို တွေ့ရှိရသဖြင့် စိစစ်ဖော်ထုတ် အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိပါသည်။ ဆန္ဒမဲ ၂ ကြိမ်/ ၃ ကြိမ်ပေးမှုများကို အောက်ပါ အခြေအနေများတွင်ပြုလုပ်နိုင်ပြီး သက်ဆိုင်ရာမဲစာရင်းပုံစံ (၁) တွင် လက်မှတ်ရေးထိုးထားသည့် အထောက်အထားများအရ အသေးစိတ် စိစစ်လျက်ရှိပါသည်-
|
သို့ဖြစ်၍ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် မြို့နယ်ပေါင်း ၃၁၅ မြို့နယ်၏ မဲစာရင်းများနှင့် မဲပေးခဲ့မှုအခြေအနေများကို စစ်ဆေးခဲ့ရာတွင် NLD ပါတီသည် ရွေးကောက်ပွဲတွင် ယင်းတို့ ပါတီတစ်ခုတည်းသာ အနိုင်ရရှိပြီး အစိုးရအဖွဲ့ ဖွဲ့စည်းနိုင်ရေးအတွက် ပြိုင်ဘက်ပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ မဲဆွယ်စည်းရုံးရေး အပါအဝင် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုများ အားလုံးကို COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ကန့်သတ်ချက်/ တားမြစ်ချက်ကို အလွဲသုံး၍လည်းကောင်း၊ အုပ်ချုပ်ရေးအာဏာကိုအလွဲသုံး၍လည်းကောင်း ကန့်သတ် ထိန်းချုပ်ခဲ့ပြီး နိုင်ငံတော်အာဏာကို မတရားရယူနိုင်ရန် ကြိုတင်ကြံစည်ဆောင်ရွက်ခဲ့ကြောင်း စိစစ် တွေ့ရှိရပါသည်။