၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပခဲ့သည့် မြို့နယ် ၃၁၅ မြို့နယ်၏ ဆန္ဒမဲပေးမှုအခြေအနေများစစ်ဆေးရာ အောက်ပါအတိုင်းတွေ့ရှိရပါသည်- [1]
( က ) | ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် တိုင်းဒေသကြီး/ ပြည်နယ် အသီးသီးရှိ မြို့နယ်ပေါင်း ၃၁၅ မြို့နယ်၏ မဲစာရင်းစစ်ဆေးချက်များအရ ယခင် ရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်ခဲ့သည့် မဲဆန္ဒရှင်စာရင်းမှာ ၃၈၂၇၁၄၄၇ ဦး၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ စာရင်းအရ အသက် ၁၈ နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၃၁၇၇၅၃၃၀ ဦး ဖြစ်သဖြင့် ကွာခြားချက် ၆၄၉၆၁၁၇ ဦး ဖြစ်ပါသည်။ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ အသက် ၁၈ နှစ်ပြည့်ပြီး လူဦးရေစာရင်းမှာ ၃၅၄၇၆၈၃၃ ဦးဖြစ်ကြောင်း ထုတ်ပြန်ထားရှိသဖြင့် ကွာခြားချက် ၂၇၉၄၆၁၄ ဦး ဖြစ်ပါသည်။ |
( ခ ) | သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၆ (က) အရ ရွေးကောက်ပွဲ ကျင်းပသည့်နေ့တွင် အသက် ၁၈ နှစ်ပြည့်ပြီး ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင် သော နိုင်ငံသား၊ ဧည့်နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရသူများသာ မဲစာရင်းတွင် ပါဝင်ခွင့် ရှိပါသည်။ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပခဲ့သည့် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ မြို့နယ် ၃၁၅ မြို့နယ်၏ မဲဆန္ဒရှင်စာရင်းများတွင် နိုင်ငံသားစိစစ်ရေးကတ်မရှိဘဲ မဲစာရင်းတွင် ပါဝင်နေသူ ၄၈၆၉၄၂၇ ဦး ၊ ၃ ကြိမ်နှင့်အထက် ပါဝင်နေသူ ၂၉၅၄၀၅ ဦး၊ ၂ ကြိမ် ပါဝင်နေသူ ၃၅၉၆၂၀၆ ဦး၊ တိုင်းဒေသကြီး/ ပြည်နယ်အတွင်းရှိ မြို့နယ် အချင်းချင်း မဲစာရင်းထပ်မှု (Cross Check) ၁၀၉၁၇၇၆ ဦး၊ အသက် ၁၀၀ နှစ်အထက် ၂၀၅၆၆ ဦး၊ အသက် ၁၈ နှစ် မပြည့်ဘဲ မဲစာရင်းတွင် ပါဝင်နေသူ ၁၄၄၁၂ ဦး၊ တစ်နိုင်ငံလုံး အတိုင်းအတာအရ တိုင်းဒေသကြီး/ ပြည်နယ်အချင်းချင်း မဲစာရင်းထပ်မှု (Cross Check) ၁၄၁၇၅၉၈ ဦး ဖြစ်ရာ မဲမသမာမှုဖြစ်ပွားခဲ့သည့် မဲစာရင်းအရေအတွက် စုစုပေါင်း ၁၁၃၀၅၃၉၀ ဦး ဖြစ်ကြောင်း စိစစ်တွေ့ရှိ ရသဖြင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြို့နယ်အလိုက် မဲစာရင်းများကောက်ယူရာတွင် ဥပဒေနှင့် ညီညွတ်ခြင်းမရှိသော မှားယွင်းမှုများကို တွေ့ရှိရပါသည်။ |
( ဂ ) | မဲရုံပေါင်း ၃၉၉၆၃ ရုံ၊ ထုတ်ယူရရှိခဲ့သော ဆန္ဒမဲလက်မှတ် အရေအတွက်မှာ ၄၃၀၀၄၃၈၂ ဖြစ်ပြီး၊ မဲပေးအသုံးပြုခဲ့သော လက်မှတ်ဖြတ်ပိုင်းများမှာ ၂၇၀၉၈၀၅၈၊ ကျန်ရှိရမည့်အရေအတွက်မှာ ၁၅၉၀၆၃၂၄ ၊ မြေပြင်လက်ကျန် ၁၄၉၂၀၇၈၃ ဖြစ်ကြောင်း စိစစ်တွေ့ရှိရပါသည်။ ကျန်ရှိရမည့် အရေအတွက်ထက် လျော့နည်းသော မဲလက်မှတ်အရေအတွက် ၁၄၂၄၃၉၁ ၊ အပိုတွေ့ရှိရသော မဲလက်မှတ် အရေအတွက်မှာ ၄၃၈၈၅၀ ဖြစ်ပါသည်။ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ မြို့နယ်များတွင် မဲရုံများအလိုက် ဆန္ဒမဲလက်မှတ်များ လျော့နည်းပျောက်ဆုံးခြင်း၊ တရားမဝင် အပိုရှိနေခြင်းတို့ကို တွေ့ရှိရပါသည်။ မဲရုံများသို့ မဲလက်မှတ်များ သတ်မှတ်အရေအတွက်ဖြင့် ထုတ်ပေးခဲ့ခြင်းဖြစ်ရာ အပိုတွေ့ရှိမှုများနှင့် မဲလက်မှတ် ပျောက်ဆုံးခြင်းများသည် တရားမဝင် ဆောင်ရွက်မှုများကြောင့်ဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပါသည်။ |
(ဃ) | ဆန္ဒမဲလက်မှတ် ရိုက်နှိပ်၊ ဖြန့်ခွဲ၊ သုံးစွဲမှုများအနေဖြင့် ပြည်သူ့လွှတ်တော် ဆန္ဒမဲလက်မှတ် အရေအတွက် ၄၄၁၆၉၃၃၄ စောင်ရိုက်နှိပ်ခဲ့ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များသို့ ထုတ်ပေးသည့် မဲလက်မှတ်အရေအတွက်မှာ ၄၃၀၀၄၃၈၂ စောင် ဖြစ်သဖြင့် မဲလက်မှတ်စောင်ရေ ၁၁၆၄၉၅၂ ကွာခြားချက် ရှိနေခဲ့ပါသည်။ ယခင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ကြေညာချက်အရ ဆန္ဒမဲပေးသူဦးရေမှာ ၂၇၅၁၂၈၅၅ ဦး ဖြစ်သဖြင့် မဲလက်မှတ်စောင်ရေ ၁၆၆၅၆၄၇၉ ပိုမိုနေခဲ့ပါသည်။ ဆန္ဒမဲပေးသူ ဦးရေမှာ ၂၇၅၁၂၈၅၅ ဦး ဖြစ်သော်လည်း မဲလက်မှတ်များစစ်ဆေးချက်အရ ရွေးကောက်ပွဲတွင် အသုံးပြုခဲ့သော မဲလက်မှတ်မှာ ၂၆၆၅၉၂၀၈ ဖြစ်သဖြင့် မဲလက်မှတ် စောင်ရေ ၈၅၃၆၄၇ လျော့နည်းသုံးစွဲခဲ့သဖြင့် မဲမသမာမှုများဖြစ်ပွားခဲ့ကြောင်း စိစစ်တွေ့ရှိရပါသည်။ |
(c) | ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်အတွက် ဆန္ဒမဲပေးခဲ့သူဦးရေမှာ ၂၇၅၁၂၈၅၅ ဦး၊ မြေပြင်ဖွင့်ဖောက် စစ်ဆေးချက်အရ မဲပေးအသုံးပြုခဲ့သည့် ပြည်သူ့ လွှတ်တော် ဆန္ဒမဲလက်မှတ် ၂၇၀၉၈၀၅၈ စောင် ဖြစ်သဖြင့် ဆန္ဒမဲပေးကြောင်း ထုတ်ပြန်ကြေညာထားသည့် အရေအတွက်ထက် မဲလက်မှတ်သုံးစွဲမှု ၄၁၄၇၉၇ စောင် လျော့နည်းနေသည်ကို စိစစ်တွေ့ရှိရပါသည်။ |
(စ) | ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်အတွက် မဲပေးသူဦးရေမှာ ၂၇၅၁၂၈၅၅ ဦး ဖြစ်ပြီး မဲရုံမဲပေးသူ ၂၁၆၂၈၄၃၅ ဦး၊ ကြိုတင်မဲပေးသူ ၅၈၈၄၄၂၀ ဦး ဖြစ်သဖြင့် မဲရုံမဲပေးသူ ၇၈.၆၁ ရာခိုင်နှုန်း ၊ ကြိုတင်မဲပေးသူ ၂၁.၃၉ ရာခိုင်နှုန်း ဖြစ်ပါသည်။ ၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် မဲရုံမဲပေးသူ ၉၃.၉၉ ရာခိုင်နှုန်း ၊ ကြိုတင်မဲပေးသူ ၆.၀၁ ရာခိုင်နှုန်း ဖြစ်ပါသည်။ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ကြိုတင်မဲပေးမှု များပြားခြင်းအပေါ် ဥပဒေနှင့်မညီသော ကြိုတင်မဲ ကောက်ခံမှုများရှိခဲ့ကြောင်း စိစစ်တွေ့ရှိရပါသည်။ |
(ဆ) | မူလမဲဆန္ဒရှင်စာရင်း ပုံစံ (၁) ပါ မဲဆန္ဒရှင်အမည်နှင့် အချက်အလက်များကိုဖျက်၍ အခြား မဲဆန္ဒရှင်အမည်နှင့် အချက်အလက်များကို လက်ရေးဖြင့် ဖြည့်သွင်းပြီး ဆန္ဒမဲ ပေးခွင့်ပြုထားကြောင်း တွေ့ရှိရပါသည်။ |
(ဇ) | အချို့မဲရုံများ၏ မဲဆန္ဒရှင်စာရင်း ပုံစံ (၁) စာအုပ်များတွင် သက်ဆိုင်ရာမဲဆန္ဒရှင်၏ ထိုးမြဲလက်မှတ် သို့မဟုတ် လက်ဝဲလက်မ လက်ဗွေရေးထိုး ရိုက်နှိပ်ခြင်းမရှိဘဲ ဆန္ဒမဲ လက်မှတ်များ ထုတ်ပေး၍ ဆန္ဒမဲပေးခွင့်ပြုထားကြောင်း တွေ့ရှိရပါသည်။ |
(စျ) | သက်ဆိုင်ရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသို့ တင်ပြခြင်းမရှိဘဲ မဲဆန္ဒရှင် စာရင်း ပုံစံ (၁) စာအုပ်များတွင် ထပ်တိုးမဲဆန္ဒရှင်များကို လက်ရေးဖြင့် လည်းကောင်း၊ ကွန်ပျူတာစာစီ၍လည်းကောင်း ဖြည့်သွင်းထားပြီး အဆိုပါ တရားမဝင်ဖြည့်သွင်း ခဲ့သည့် မဲဆန္ဒရှင်များအတွက် ဆန္ဒမဲလက်မှတ်များကို မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးမှ ခိုးယူ၍ ဆန္ဒမဲပေးနိုင်ရေး ဆောင်ရွက်ခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သဖြင့် အရေးယူဆောင်ရွက်ခဲ့ရကြောင်း တွေ့ရှိရပါသည်။ |
(ည) | အသက် ၁၈ နှစ် မပြည့်သူများကို မဲစာရင်းတွင် ထည့်သွင်း၍ မဲပေးခွင့်ပြုခဲ့ကြောင်း စိစစ်တွေ့ရှိရပါသည်။ |
( ဋ ) | သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေ ၁၅ (က) ပါအတိုင်း မဲဆန္ဒရှင် စာရင်း ပုံစံ (၁) ၏ စာမျက်နှာတိုင်းတွင် ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့်အတွင်းရေးမှူးတို့ လက်မှတ်ရေးထိုးခြင်းမရှိသည်ကို စိစစ်တွေ့ရှိရပါသည်။ |
( ဌ ) | ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများအနေဖြင့် ကြိုတင် ဆန္ဒမဲလက်မှတ်များ ကောက်ခံရာတွင် ကြိုတင်ဆန္ဒမဲ လက်ခံဖြတ်ပိုင်းများနှင့် ဆန္ဒမဲလက်မှတ်အပိုများကို ဥပဒေနှင့်အညီအပ်နှံရန် ပျက်ကွက်ခဲ့ကြောင်း စိစစ် တွေ့ရှိရပါသည်။ |
( ဍ ) | ဆန္ဒမဲလက်မှတ် လက်ခံဖြတ်ပိုင်းများ၌ ဆန္ဒမဲပေးသူ၏ အမည်၊ မဲစာရင်း အမှတ်စဉ်၊ မဲရုံအမှတ်၊ ရပ်ကွက်/ကျေးရွာအမည်၊ လက်မှတ် သို့မဟုတ် လက်ဗွေတို့ကို ဖြည့်သွင်း ရေးသားထားမှုမရှိဘဲ မဲပေးသုံးစွဲထားမှုများ စိစစ်တွေ့ရှိရပါသည်။ |
( ဎ ) | နိုင်ငံသားစိစစ်ရေးကတ်မရှိသူများ မဲစာရင်းတွင် အစုလိုက်အပြုံလိုက် ပါဝင်ပြီး မဲဆန္ဒရှင် သက်သေခံလက်မှတ်များဖြင့်သာ နိုင်ငံသားစိစစ်ရေးကတ်မပါဘဲ မဲပေးမှု ကို လက်ခံဆောင်ရွက်ခဲ့ကြောင်း စိစစ်တွေ့ရှိရပါသည်။ |
(ဏ) | ကြိုတင်မဲများကောက်ခံရာတွင်လည်း ဥပဒေနှင့် ညီညွတ်မှုမရှိသော ဆန္ဒမဲပေးခြင်း တို့ကို ဆောင်ရွက်ခဲ့ကြောင်း စိစစ်တွေ့ရှိရပါသည်။ |
(တ) | ကိုဗစ်-၁၉ ရောဂါနှင့်စပ်လျဉ်း၍ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များကို အကြောင်းပြုကာ ရွေးကောက်ပွဲကျင်းပရန် အချိန်နီးကပ်မှသာ ဥပဒေနှင့် ညီညွတ်မှု မရှိသော ညွှန်ကြားချက်များထုတ်ပြန်၍ မဲစာရင်းများ ကောက်ခံမဲပေးစေခြင်း၊ ကြိုတင်မဲပေးစေခြင်းများကိုဆောင်ရွက်ခဲ့ကြောင်း စိစစ်တွေ့ရှိရပါသည်။ |
(ထ) | ကြိုတင်မဲများ၏ ဆန္ဒမဲလက်မှတ် လက်ခံဖြတ်ပိုင်းများ၌ ဆန္ဒမဲပေးသူ၏ အမည်၊ မဲစာရင်း အမှတ်စဉ်၊ မဲရုံအမှတ်၊ ရပ်ကွက်/ကျေးရွာအမည်၊ လက်မှတ် သို့မဟုတ် လက်ဗွေတို့ကို ဖြည့်သွင်းရေးသားမှု မရှိဘဲ မဲပေးသုံးစွဲထားမှုများ တွေ့ရှိရပါသည်။ |
( ဒ ) | အချို့မဲရုံများတွင် မဲရုံအလိုက် ဆန္ဒမဲလက်မှတ်/ လက်ခံဖြတ်ပိုင်းများ၊ မဲဆန္ဒရှင် စာရင်း ပုံစံ (၁) စာအုပ်များထည့်သွင်းထားသည့်မဲရုံအိတ်များ အစစ်ဆေးခံနိုင်ခြင်း မရှိဘဲ ပျောက်ဆုံးနေကြောင်း စိစစ်တွေ့ရှိရပါသည်။ |
( ဓ ) | မဲလက်မှတ်လက်ခံဖြတ်ပိုင်းပါ မဲရုံအိတ်အချို့ ပျောက်ဆုံးနေကြောင်းတွေ့ရှိရပြီး မြေပြင်ဖွင့်ဖောက်စစ်ဆေးမှု ပြုလုပ်သည့်အချိန်မှသာ သက်ဆိုင်ရာမဲရုံမှူးတာဝန် ထမ်းဆောင်ခဲ့သူမှ လာရောက်အပ်နှံခဲ့သည်ကို စိစစ်တွေ့ရှိရပါသည်။ |
( န ) | မဲစာရင်းပုံစံ (၁) များကိုစိစစ်ခဲ့ရာ မဲဆန္ဒရှင်အမည်သာပါရှိပြီး အသက်၊ နိုင်ငံသား စိစစ်ရေး ကတ်အမှတ်၊ အဘအမည်၊ အမိအမည် စသည့်အချက်များ မပါရှိသူများနှင့် အချက်အလက် ပြည့်စုံစွာ မပါရှိသူများကို မဲစာရင်းတွင် ထည့်သွင်း၍ ဆန္ဒမဲပေးခွင့် ပြုထားကြောင်း တွေ့ရှိရပါသည်။ |
( ပ ) | ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများနှင့် မဲရုံအချို့တွင် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ခဲ့ခြင်းမရှိဘဲ ရွေးကောက်ပွဲကျင်းပပြီး နောက်ပိုင်းမှသာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသို့ ဆန္ဒမဲလက်မှတ် လက်ခံဖြတ်ပိုင်းများနှင့် လက်ကျန်ဆန္ဒမဲလက်မှတ်များကို သီးခြား ပြန်လည်အပ်နှံထားရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။ |
( ဖ ) | မဲလက်မှတ်စာအုပ်တစ်အုပ်လျှင် စောင်ရေ ၅၀ သာ ပါဝင်ရမည်ဖြစ်သော်လည်း မဲလက်မှတ်များကို ရိုက်နှိပ်ဖြန့်ဝေခဲ့စဉ်က မဲလက်မှတ်စာအုပ်များတွင် စောင်ရေ အပိုများ/ လျော့နည်းမှုများ ပါဝင်နေကြောင်း စိစစ်တွေ့ရှိရပါသည်။ |
( ဗ ) | ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ လက်ဝယ်တွင် ဆန္ဒမဲ လက်မှတ်နှင့် အသုံးပြုပြီး လက်ခံဖြတ်ပိုင်းများ ကျန်ရှိနေကြောင်း စိစစ်တွေ့ရှိ ရပါသည်။ |
( ဘ ) | သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေ ၆၆ (ဇ) ကို လိုက်နာခြင်းမရှိဘဲ ဆန္ဒမဲလက်မှတ်လက်ခံဖြတ်ပိုင်း / လက်ကျန်ဆန္ဒမဲလက်မှတ်များကို ရွေးကောက်ပွဲ ကျင်းပပြီးစီးသည့် နောက်ပိုင်းမှသာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသို့ သီးခြား လာရောက်အပ်နှံမှုများရှိကြောင်း စိစစ်တွေ့ရှိရပါသည်။ |