၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ
မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်

မြို့နယ် ၃၁၅ မြို့နယ်၏ မဲဆန္ဒရှင်စာရင်းများ စစ်ဆေးတွေ့ရှိချက်များ၊

 ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် တိုင်းဒေသကြီး/ ပြည်နယ် အသီးသီးရှိ မြို့နယ်ပေါင်း ၃၁၅ မြို့နယ်၏ မဲစာရင်းစစ်ဆေးချက်များအရ ယခင် ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ခဲ့သည့် မဲဆန္ဒရှင်စာရင်းမှာ ၃၈၂၇၁၄၄၇ ဦး၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ စာရင်းအရ အသက် ၁၈ နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၃၁၇၇၅၃၃၀ ဦး ဖြစ်သဖြင့် ကွာခြားချက် ၆၄၉၆၁၁၇ ဦး ဖြစ်ပါသည်။ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ အသက် ၁၈ နှစ်ပြည့်ပြီး လူဦးရေစာရင်းမှာ ၃၅၄၇၆၈၃၃ ဦးဖြစ်ကြောင်း ထုတ်ပြန်ထားရှိသဖြင့် ကွာခြားချက် ၂၇၉၄၆၁၄ ဦး ဖြစ်ပါသည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၃၀- ၁၂- ၂၀၂၀ ရက်နေ့တွင် မဲစာရင်းများကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရွေးကောက်ပွဲကော်မရှင်တို့ စုပေါင်းပြုစုထားသည့် မဲစာရင်းဖြစ်ကြောင်း ကြေညာခဲ့ပါသည်။ သို့ရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုခဲ့သည့် မဲစာရင်းနှင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်‌ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတို့မှ ပြုစုထားသည့် လူဦးရေစာရင်းများ ကွာဟနေမှုကို တစ်ဖက်ပါအတိုင်း စိစစ်တွေ့ရှိ ရပါသည်- [1]

 မဲစာရင်းများတွင် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ၊ လက်မှတ်မရှိဘဲ ပါဝင် နေသူများမှာ ၄၈၆၉၄၂၇ ဦး၊ နိုင်ငံသား စိစစ်ရေးကတ်ပြားအမှတ် တစ်ခုတည်းဖြင့် မဲစာရင်းတွင် ၃ ကြိမ် နှင့်အထက် ပါဝင်နေသူများမှာ ၂၉၅၄၀၅ ဦး၊ ၂ ကြိမ် ပါဝင်နေသူများမှာ ၃၅၉၆၂၀၆ ဦး၊ တိုင်းဒေသကြီး/ ပြည်နယ်အတွင်းရှိ မြို့နယ်အချင်းချင်း မဲစာရင်းထပ်မှု (Cross Check) ၁၀၉၁၇၇၆ ဦး၊ အသက် ၁၀၀ နှစ်အထက် ၂၀၅၆၆ ဦး၊ အသက် ၁၈ နှစ် မပြည့်ဘဲ မဲစာရင်းတွင် ပါဝင်နေသူ ၁၄၄၁၂ ဦး၊ တစ်နိုင်ငံလုံး အတိုင်းအတာအရ တိုင်းဒေသကြီး/ ပြည်နယ်အချင်းချင်း မဲစာရင်းထပ်မှု (Cross Check) ၁၄၁၇၅၉၈ ဦး ဖြစ်သဖြင့် မဲမသမာမှုဖြစ်ပွားခဲ့သည့် မဲစာရင်းအရေအတွက် ၁၁၃၀၅၃၉၀ ဦး ဖြစ်ပါသည်။ တပ်မတော်၏ မဲစာရင်းစိစစ်ချက်အရ မဲမသမာမှုဖြစ်နိုင်သည့် မဲစာရင်းမှာ ၁၀၄၈၂၁၁၆ ဦး ဖြစ်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ စိစစ်တွေ့ရှိချက်အရ မဲမသမာမှုဖြစ်ပွားခဲ့သည့် မဲဆန္ဒရှင် အရေအတွက်မှာ ၁၁၃၀၅၃၉၀ ဦး ဖြစ်ကြောင်းတွေ့ရှိရပါသည်။

 တိုင်းဒေသကြီး/ ပြည်နယ်အလိုက် မဲဆန္ဒရှင်စာရင်းများ စစ်ဆေးတွေ့ရှိချက်မှာ တစ်ဖက်ပါ အတိုင်းဖြစ်သည်- [2]

တိုင်းဒေသကြီး/ ပြည်နယ်အလိုက် မဲမသမာမှု ဖြစ်ပွားခဲ့သော မဲစာရင်းစစ်ဆေးတွေ့ရှိချက်
တိုင်းဒေသကြီး/ ပြည်နယ်အလိုက် မဲမသမာမှု ဖြစ်ပွားခဲ့သော မဲစာရင်းစစ်ဆေးတွေ့ရှိချက်
တိုင်းဒေသကြီး/ ပြည်နယ်အလိုက် မဲမသမာမှု ဖြစ်ပွားခဲ့သော မဲစာရင်းစစ်ဆေးတွေ့ရှိချက်(နိုင်ကတ်မရှိ၊ ၃ ကြိမ်အထက်၊ နှစ်ကြိမ်၊ တိုင်း/ပြည်နယ် Cross Check၊ ၁၀၀ နှစ်အထက်၊ ၁၈ နှစ်အောက် စုစုပေါင်း)
တိုင်းဒေသကြီး/ ပြည်နယ်အလိုက် မဲမသမာမှု ဖြစ်ပွားခဲ့သော မဲစာရင်းစစ်ဆေးတွေ့ရှိချက်(နိုင်ကတ်မရှိ၊ ၃ ကြိမ်အထက်၊ နှစ်ကြိမ်၊ တိုင်း/ပြည်နယ် Cross Check၊ ၁၀၀ နှစ်အထက်၊ ၁၈ နှစ်အောက် စုစုပေါင်း)
ပြည်ထောင်စုတစ်ဝန်းလုံးတွင် မဲမသမာမှု ဖြစ်ပွားခဲ့သော မဲစာရင်းစစ်ဆေးတွေ့ရှိချက်
ပြည်ထောင်စုတစ်ဝန်းလုံးတွင် မဲမသမာမှု ဖြစ်ပွားခဲ့သော မဲစာရင်းစစ်ဆေးတွေ့ရှိချက်