၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ
မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်

မြို့နယ် ၃၁၅ မြို့နယ်၏ ဆန္ဒမဲလက်မှတ်များ မြေပြင်ကွင်းဆင်း စစ်ဆေးတွေ့ရှိ ချက်များ၊

 ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် လွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၅၃ အရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာမြို့နယ်အလိုက် ယခင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ဦးစီးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ သက်ဆိုင်ရာနိုင်ငံရေးပါတီများမှကိုယ်စားလှယ်များနှင့်အတူ ရွေးကောက်ပွဲတွင်အသုံးပြုခဲ့သည့်မဲစာရင်းများ၊ ဆန္ဒမဲလက်မှတ်များ၊ ရွေးကောက်ပွဲဆိုင်ရာစာရွက် စာတမ်းများကို မြေပြင်ဖွင့်ဖောက်စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ပြည်သူ့လွှတ်တော်ဆန္ဒမဲလက်မှတ် များ မြေပြင်စစ်ဆေးတွေ့ရှိချက်များအရ မဲရုံပေါင်း ၃၉၉၆၃ ရုံ၊ ထုတ်ယူရရှိခဲ့သော ဆန္ဒမဲလက်မှတ် အရေအတွက်မှာ ၄၃၀၀၄၃၈၂ ဖြစ်ပြီး၊ မဲပေးအသုံးပြုခဲ့သော လက်မှတ်ဖြတ်ပိုင်းများမှာ ၂၇၀၉၈၀၅၈၊ ကျန်ရှိရမည့်အရေအတွက်မှာ ၁၅၉၀၆၃၂၄၊ မြေပြင်လက်ကျန် ၁၄၉၂၀၇၈၃ ဖြစ်ကြောင်း စိစစ်တွေ့ရှိ ရပါသည်။ ကျန်ရှိရမည့်အရေအတွက်ထက်လျော့နည်းသောမဲလက်မှတ်အရေအတွက် ၁၄၂၄၃၉၁၊ အပို တွေ့ရှိရသောမဲလက်မှတ် အရေအတွက်မှာ ၄၃၈၈၅၀ ဖြစ်ပြီး မဲရုံများအလိုက် ဆန္ဒမဲလက်မှတ်များ လျော့နည်းပျောက်ဆုံးခြင်း၊ တရားမဝင် အပိုရှိနေခြင်း တို့ကို တွေ့ရှိရပါသည်။ တိုင်းဒေသကြီး/ပြည်နယ် အလိုက် ပြည်သူ့လွှတ်တော်ဆန္ဒမဲလက်မှတ်များ မြေပြင်စစ်ဆေးတွေ့ရှိချက်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်- [1]

တိုင်းဒေသကြီး/ပြည်နယ်အလိုက် ဆန္ဒမဲလက်မှတ် မြေပြင်စစ်ဆေးမှုစာရင်းချုပ်
တိုင်းဒေသကြီး/ပြည်နယ်အလိုက် ဆန္ဒမဲလက်မှတ် မြေပြင်စစ်ဆေးမှုစာရင်းချုပ်
တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ဆန္ဒမဲလက်မှတ် မြေပြင်စစ်ဆေးမှု စာရင်းချုပ်
တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ဆန္ဒမဲလက်မှတ် မြေပြင်စစ်ဆေးမှု စာရင်းချုပ်
တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ဆန္ဒမဲလက်မှတ် မြေပြင်စစ်ဆေးတွေ့ရှိချက်
တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ဆန္ဒမဲလက်မှတ် မြေပြင်စစ်ဆေးတွေ့ရှိချက်

 မြေပြင်ဖွင့်ဖောက်စစ်ဆေးချက်အရ အသုံးပြုဆန္ဒမဲလက်မှတ် ၂၇၀၉၈၀၅၈ ဖြစ်ကြောင်း တွေ့ရှိရသော်လည်း ယခင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကြေညာချက်အရ ဆန္ဒမဲပေးသူ (မဲလက်မှတ်အသုံးပြုအရေအတွက်) ၂၇၅၁၂၈၅၅ ဖြစ်သဖြင့် ဆန္ဒမဲလက်မှတ် ကွာခြားချက် မဲဆန္ဒရှင် အရေအတွက်ထက် လျော့နည်းသုံးစွဲမှုမှာ ၄၁၄၇၉၇ စောင် ဖြစ်ကြောင်း စိစစ်တွေ့ရှိရပါသည်။

 ဆန္ဒမဲလက်မှတ် ရိုက်နှိပ်၊ ဖြန့်ခွဲ၊ သုံးစွဲမှုများအနေဖြင့် ပြည်သူ့လွှတ်တော်ဆန္ဒမဲလက်မှတ် အရေအတွက် ၄၄၁၆၉၃၃၄ စောင် ရိုက်နှိပ်ခဲ့ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များသို့ ထုတ်ပေး သည့် မဲလက်မှတ်အရေအတွက်မှာ ၄၃၀၀၄၃၈၂ စောင် ဖြစ်သဖြင့် မဲလက်မှတ်စောင်ရေ ၁၁၆၄၉၅၂ ကွာခြားချက်ရှိနေခဲ့ပါသည်။ ယခင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ကြေညာချက်အရ ဆန္ဒမဲ ပေးသူဦးရေမှာ ၂၇၅၁၂၈၅၅ ဦး ဖြစ်သဖြင့် မဲလက်မှတ်စောင်ရေ ၁၆၆၅၆၄၇၉ ပိုမိုနေခဲ့ပါသည်။ ဆန္ဒမဲ ပေးသူဦးရေမှာ ၂၇၅၁၂၈၅၅ ဦး ဖြစ်သော်လည်း မဲလက်မှတ်များစစ်ဆေးချက်အရ ရွေးကောက်ပွဲတွင် အသုံးပြုခဲ့သောမဲလက်မှတ်မှာ ၂၆၆၅၉၂၀၈ ဖြစ်သဖြင့် မဲလက်မှတ်စောင်ရေ ၈၅၃၆၄၇ လျော့နည်း သုံးစွဲခဲ့ကြောင်း စိစစ်တွေ့ရှိရပါသည်။ သို့ဖြစ်၍ ဆန္ဒမဲများရေတွက်ရာတွင် အဆိုပါ မဲလက်မှတ်စောင်ရေ ၈၅၃၆၄၇ မှာ မဲမသမာမှုဖြစ်ပွားခဲ့သော ဆန္ဒမဲလက်မှတ်များဖြစ်ကြောင်း တစ်ဖက်ပါအတိုင်း စိစစ် တွေ့ရှိရသည်- [2]

တိုင်းဒေသကြီး/ ပြည်နယ်အလိုက် စာရင်းပိုနေသော ဆန္ဒမဲလက်မှတ်များ စိစစ်ချက်
တိုင်းဒေသကြီး/ ပြည်နယ်အလိုက် စာရင်းပိုနေသော ဆန္ဒမဲလက်မှတ်များ စိစစ်ချက်
တိုင်းဒေသကြီး/ ပြည်နယ်အလိုက် စာရင်းပိုနေသော ဆန္ဒမဲလက်မှတ်များ စိစစ်တွေ့ရှိချက်
တိုင်းဒေသကြီး/ ပြည်နယ်အလိုက် စာရင်းပိုနေသော ဆန္ဒမဲလက်မှတ်များ စိစစ်တွေ့ရှိချက်