၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ
မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်

ယခင် ပြည်ထောင်စုအစိုးရအဖွဲ့နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အနေဖြင့် ဥပဒေ၊ နည်းဥပဒေများနှင့် ညီညွတ်မှုမရှိသည့် ညွှန်ကြားချက်များ ထုတ်ပြန်ခြင်း

 ယခင် ပြည်ထောင်စုအစိုးရအဖွဲ့နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် မဲဆန္ဒရှင်စာရင်းပြုစုရာတွင် သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေများနှင့် ညီညွတ်ခြင်း မရှိသော အောက်ပါညွှန်ကြားချက်များကို ထုတ်ပြန်ဆောင်ရွက်ခဲ့ကြောင်း စိစစ်တွေ့ရှိရပါသည်-

 (က) ပထမအကြိမ် မဲစာရင်းကပ်ထားကြေညာရာတွင် မှားယွင်းမှုကို အကြောင်းပြု၍ ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ ၄ ရက်နေ့တွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးက သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် ဝန်ကြီးချုပ်ခေါင်းဆောင်သည့် လူဝင်မှု ကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာနဝန်ကြီး၊ သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနတို့ပါဝင်သော မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်ရေးအတွက် ပံ့ပိုးကူညီရေးအဖွဲ့များ ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ကြောင်း တွေ့ရှိရ ပါသည်။ ၎င်းအဖွဲ့၏လုပ်ပိုင်ခွင့်ကိုအခြေခံ၍ အဆင့်ဆင့်သော NLD ပါတီ အောင်နိုင်ရေးအဖွဲ့များ၏ ဖိအားပေး၍ မဲစာရင်းထည့်သွင်းစေခြင်းကို ရွေးကောက်ပွဲ နီးချိန်အထိ ဆောင်ရွက်ခြင်းများကြောင့်လည်း သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများက စိစစ်နိုင်ခြင်းမရှိဘဲ မဲစာရင်းပိုမိုဖောင်းပွ မှားယွင်းခဲ့ကြောင်း စိစစ်တွေ့ရှိရပါသည်။ [1]
 (ခ) သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၆ တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ များ၏ အရည်အချင်းသတ်မှတ်ချက်များကို သတ်မှတ်ပြဋ္ဌာန်းထားရာ ပုဒ်မခွဲ (က) ၌ “ရွေးကောက်ပွဲ စတင် ကျင်းပသည့်နေ့တွင် အသက် ၁၈ နှစ် ပြည့်ပြီး ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်သော နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသား ပြုခွင့်ရသူ” ဟူ၍လည်းကောင်း၊ ပုဒ်မခွဲ (ခ) ၌ “သက်ဆိုင်ရာ မဲဆန္ဒနယ်၏ မဲစာရင်းတွင်ပါဝင်သူ” ဟူ၍လည်းကောင်း သတ်မှတ်ပြဋ္ဌာန်းထားသော်လည်း ယခင်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မှတ်ပုံတင် အစရှိသည့် အချက်အလက်များ မပြည့်စုံသည့် မဲဆန္ဒရှင်များ၏ မဲပေးပိုင်ခွင့် မဆုံးရှုံးစေရန်အတွက် မဲစာရင်းတွင် အမည်ပါသူ အမှန်ဖြစ်ကြောင်း သိသာစေနိုင်သည့် ယာဉ်မောင်းလိုင်စင်၊ ဝန်ထမ်းကတ်၊ ကျောင်းသားကတ်၊ ကြက်ခြေနီအဖွဲ့ဝင်ကတ်၊ အရန်မီးသတ် အဖွဲ့ဝင်ကတ်၊ ပြည်သူ့စစ် အဖွဲ့ဝင်ကတ်၊ ပရဟိတအဖွဲ့ဝင်ကတ် စသည့် ကတ်တစ်မျိုးမျိုး ပြသနိုင်လျှင် မဲပေးခွင့်ပြုသွားမည်ဖြစ်ကြောင်း ၁၉-၈-၂၀၂၀ ရက်နေ့တွင် ညွှန်ကြားချက်ထုတ်ပြန်၍ ဆောင်ရွက်ခဲ့သဖြင့် မဲရုံများတွင် နိုင်ငံသားစိစစ်ရေးကတ် စိစစ်မှုမပြုနိုင်သော မဲဆန္ဒရှင်သက်သေခံလက်မှတ်များဖြင့် မဲပေးခဲ့ခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်မရှိ သူများကို မဲပေးခွင့်ပြုခဲ့ခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်အမှတ်တစ်ခုတည်းဖြင့် ၂ ကြိမ်၊ ၃ ကြိမ်နှင့်အထက် မဲစာရင်းတွင် ပါဝင်သူများ မဲပေးခွင့်ရရှိခဲ့ကြသဖြင့် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၅၉ ပါ ပြဋ္ဌာန်းချက်များကို ကျူးလွန်ဖောက်ဖျက်မှု များရှိခဲ့ကြောင်း စိစစ်တွေ့ရှိရပါသည်။ [2]
 (ဂ) ယခင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ကိုဗစ်-၁၉ ရောဂါဖြစ်ပွား နေမှုအခြေအနေအရ မဲဆန္ဒရှင်သက်သေခံလက်မှတ်များ ထုတ်ယူရမည့် လုပ်ငန်း အစီအစဉ်ကို ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၆ ရက်နေ့တွင်လည်းကောင်း၊ အဆိုပါ မဲဆန္ဒရှင်သက်သေခံလက်မှတ်များကို နိုဝင်ဘာလပထမပတ်အတွင်း ဖြန့်ဝေနိုင်ရေးစီစဉ် ဆောင်ရွက်သွားရန် ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၉ ရက်နေ့တွင် လည်းကောင်း ညွှန်ကြားဆောင်ရွက်ခဲ့သဖြင့် မဲဆန္ဒရှင်သက်သေခံလက်မှတ်များ ဖောင်းပွခြင်း၊ မသက်ဆိုင်သူများထံသို့ မဲဆန္ဒရှင်သက်သေခံလက်မှတ်များ ရောက်ရှိခြင်း၊ မဲရုံတွင် မဲဆန္ဒရှင် မှန်/မမှန် စိစစ်ရန် ခက်ခဲသဖြင့် မဲဆန္ဒရှင်သက်သေခံလက်မှတ် ယူဆောင်လာသူကို မဲပေးခွင့်ပြုရခြင်း အစရှိသည့် ဥပဒေ၊ နည်းဥပဒေများနှင့် ညီညွတ်မှုမရှိသော မဲပေးမှုများ ရှိခဲ့ကြောင်း စိစစ်တွေ့ရှိရပါသည်။မဲဆန္ဒရှင်သက်သေခံလက်မှတ်အတုများ ထုတ်ပေးမှုအနေဖြင့် ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ် (၃)ရပ်ကွက်မဲရုံတွင် ယခင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌဟောင်း မန်းဝင်းခိုင်သန်း၏ သားဖြစ်သူ ကိုစိုးသည် မဲဆန္ဒရှင်သက်သေခံလက်မှတ် (မဲစလစ်အတု) များ ပြုလုပ်၍ ထုတ်ပေးရာတွင် သွားရောက် ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိရပါသည်။ [3] [4]
ယခင်ပြည်ထောင်စုအစိုးရအဖွဲ့ရုံးမှ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် ပံ့ပိုးကူညီရေးအဖွဲ့များ ဖွဲ့စည်းခြင်း
ယခင်ပြည်ထောင်စုအစိုးရအဖွဲ့ရုံးမှ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် ပံ့ပိုးကူညီရေးအဖွဲ့များ ဖွဲ့စည်းခြင်း
ယခင်ပြည်ထောင်စုအစိုးရအဖွဲ့ရုံးမှ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် ပံ့ပိုးကူညီရေးအဖွဲ့များ ဖွဲ့စည်းခြင်း
ယခင်ပြည်ထောင်စုအစိုးရအဖွဲ့ရုံးမှ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် ပံ့ပိုးကူညီရေးအဖွဲ့များ ဖွဲ့စည်းခြင်း