ယခင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ကြိုတင်ဆန္ဒမဲပေးရာတွင် လည်းကောင်း၊ ရွေးကောက်ပွဲနေ့ မဲပေးရာတွင်လည်းကောင်း သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများနှင့် ညီညွတ်ခြင်းမရှိသော အောက်ပါညွှန်ကြားချက်များကို ထုတ်ပြန်ဆောင်ရွက်ခဲ့ကြောင်း စိစစ်တွေ့ရှိရပါသည်-
(က) | သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၄၅(ဂ)(၃)တွင် မဲဆန္ဒနယ်အတွင်း ရှိနေသော်လည်း မဲရုံသို့ ကိုယ်တိုင်လာရောက် ဆန္ဒမဲမပေးနိုင်သည့် ပုဂ္ဂိုလ် များကို အသေးစိတ်ဖော်ပြထားပြီး အဆိုပါပုဂ္ဂိုလ်များ ဆန္ဒမဲပေးလိုလျှင်ကြိုတင် ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒမဲပေးနိုင်ရန် သတ်မှတ်ထားသည့်အတိုင်း သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲက စီစဉ်ပေးရမည်ဟူ၍ ပြဋ္ဌာန်းထားသော်လည်း ယခင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေမှုကို အကြောင်းပြု၍ အသက် ၆၀ နှစ်နှင့်အထက် မဲဆန္ဒရှင်များ ကြိုတင်မဲပေးရန်အတွက် ရွေးကောက်ပွဲနေ့ မတိုင်မီ ၂၉-၁၀-၂၀၂၀ ရက်နေ့မှ စတင်၍ ၅-၁၁-၂၀၂၀ ရက်နေ့အထိ ဆောင်ရွက်နိုင်ကြောင်းကို ၁၀-၁၀-၂၀၂၀ ရက်နေ့တွင် လည်းကောင်း၊ အဆိုပါ ကြိုတင်မဲပေးခြင်းနှင့်စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ရန် အချက်များကို ၁၆-၁၀-၂၀၂၀ ရက်နေ့နှင့် ၂၄-၁၀-၂၀၂၀ ရက်နေ့များတွင် လည်းကောင်း ညွှန်ကြားချက်များ ထုတ်ပြန်ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ ကြိုတင်ဆန္ဒမဲများ ကောက်ခံရာတွင် အချို့နေရာများ၌ NLD ပါတီ အောင်နိုင်ရေးအဖွဲ့များပါဝင်၍ နေအိမ်များသို့သွားရောက်ကာ ဆောင်ရွက်ခဲ့ကြသဖြင့် ဥပဒေနှင့် မညီသော မဲပေးမှုဖြစ်စဉ်များ ပေါ်ပေါက်ခဲ့ကြောင်း စိစစ်တွေ့ရှိရပါသည်။ [1] [2] |
(ခ) | သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၄၅၊ သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေ ၅၄ တို့တွင် သက်ဆိုင်ရာ မဲဆန္ဒနယ်၏ ပြင်ပသို့ ရောက်ရှိနေ၍ ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ကြိုတင်၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ ကို ပြဋ္ဌာန်းထားပါသည်။ သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေ များပါ သတ်မှတ်ပြဋ္ဌာန်းချက်များအရ ပုံစံ (၁၅) ဖြင့် လျှောက်ထား၍ ကြိုတင်မဲ ပေးပိုင်ခွင့်ရှိသူများမှာ သက်ဆိုင်ရာ မဲဆန္ဒနယ်၏ပြင်ပသို့ ရောက်ရှိနေသော ကျောင်းသားများ၊ သင်တန်းသားများ၊ အချုပ်ခံနေရသူများ၊ ဆေးရုံ တက်ရောက် နေရသော အတွင်းလူနာများနှင့် အစိုးရ၏ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပတွင် ရောက်ရှိ နေသူများ ဖြစ်ပါသည်။ ယခင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ကိုဗစ်-၁၉ ရောဂါနှင့်စပ်လျဉ်း၍ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များအရ မိမိမဲဆန္ဒနယ်သို့ ပြန်လည်ဆန္ဒမဲပေးခြင်း မပြုနိုင်သည့် မဲဆန္ဒနယ် ပြင်ပရောက် မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒမဲပေးနိုင်ရန် မိမိတို့ ရောက်ရှိနေသော မြို့နယ်ကော်မရှင်အဖွဲ့ခွဲတွင် ပုံစံ (၁၅) များ ရယူ၍လျှောက်ထားနိုင်ကြောင်း အသိပေးကြေညာချက်ကို ၈-၁၀-၂၀၂၀ ရက်နေ့တွင်လည်းကောင်း၊ အဆိုပါ မဲဆန္ဒရှင်များ ကြိုတင်မဲပေးခြင်းဆိုင်ရာ လုပ်ငန်းစဉ်ကို ၁၁-၁၀-၂၀၂၀ ရက်နေ့တွင်လည်းကောင်း ထုတ်ပြန်ညွှန်ကြား ဆောင်ရွက်ခဲ့ပါသည်။ ယင်းသို့ အချိန်နီးကပ်မှ ညွှန်ကြားသော ညွှန်ကြားချက်များကြောင့် မဲစာရင်းများ ထပ်ခြင်း၊ နိုင်ငံသားစိစစ်ရေး ကတ်မရှိသူများ အစုလိုက် အပြုံလိုက်မဲစာရင်းတွင် ထည့်သွင်း၍ မဲပေးခဲ့ခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း စိစစ်တွေ့ရှိရပါသည်။ [3] [4] |
(ဂ) | သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေ ၅၈ (ဂ) တွင် ကြိုတင်ဆန္ဒမဲ လက်မှတ်များကို ပေးပို့သည့်အခါ သက်ဆိုင်ရာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲသည် ကြိုတင်ဆန္ဒမဲလက်မှတ်၏ လက်ခံဖြတ်ပိုင်းပေါ်တွင်လည်းကောင်း၊ ကြိုတင် ဆန္ဒမဲလက်မှတ်၏ ကျောဘက်တွင်လည်းကောင်း မိမိကော်မရှင်အဖွဲ့ခွဲ၏တံဆိပ် ကို ရိုက်နှိပ်ပေးရမည်ဖြစ်ပြီး ကြိုတင်ဆန္ဒမဲလက်မှတ်၏ ကျောဘက်တွင် ကြိုတင် ဆန္ဒမဲလက်မှတ်ကို တာဝန်ခံထုတ်ပေးသူက အမည်ဖော်ပြ၍ လက်မှတ်ရေးထိုး ရမည် ဟူ၍ ပြဋ္ဌာန်းထားပါသည်။ ပယ်မဲအဖြစ် သတ်မှတ်ရမည့် ကြိုတင်ဆန္ဒမဲ လက်မှတ်များကို သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေ ၆၆ (ဃ) တွင် သတ်မှတ်ပြဋ္ဌာန်းထားပြီး နည်းဥပဒေခွဲငယ် (၂) တွင် ကော်မရှင်အဖွဲ့ခွဲ၏ တံဆိပ်မပါရှိသော ကြိုတင်ဆန္ဒမဲလက်မှတ်နှင့် နည်းဥပဒေခွဲငယ် (၃) တွင် တာဝန်ခံထုတ်ပေးသူ၏ အမည်နှင့် လက်မှတ်မပါသည့် ကြိုတင်ဆန္ဒမဲ လက်မှတ်များကို ပယ်မဲအဖြစ် သတ်မှတ်ရမည်ဖြစ်ကြောင်း ပြဋ္ဌာန်းထားပါသည်။ ယခင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် အစိုးရခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပရောက်ရှိနေသူများအတွက် ကြိုတင်ဆန္ဒမဲလက်မှတ်များ ပေးပို့ရာတွင် ကြိုတင်ဆန္ဒမဲလက်မှတ်၏ကျောဘက်၌ သက်ဆိုင်ရာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲ၏ ရုံးတံဆိပ်တုံး မပါရှိခြင်း၊ အမည်ဖော်ပြ၍ လက်မှတ်ရေးထိုးထားမှု မရှိခြင်းများရှိပါက အဆိုပါ ကြိုတင်ဆန္ဒမဲလက်မှတ်၏ ကျောဘက်၌ သက်ဆိုင်ရာ သံရုံး၊ အမြဲတမ်း ကိုယ်စားလှယ်ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးများ၏ ရုံးတံဆိပ်တုံး ရိုက်နှိပ်ရန်နှင့် သံရုံး အကြီးအမှူး သို့မဟုတ် အဆိုပါ ပုဂ္ဂိုလ်က တာဝန်ပေးအပ်ခြင်းခံရသူက အမည်ဖော်ပြ လက်မှတ်ရေးထိုးခြင်းများ ဆောင်ရွက်နိုင်ရေး နိုင်ငံခြားရေးဝန်ကြီး ဌာနနှင့် ညှိနှိုင်းထားရှိပြီးဖြစ်သဖြင့် အဆိုပါ ကြိုတင်ဆန္ဒမဲလက်မှတ်များကို ခိုင်လုံမဲအဖြစ် သတ်မှတ်ရေတွက်သွားရန် ၉-၁၀-၂၀၂၀ ရက်နေ့တွင် ညွှန်ကြားဆောင်ရွက်ခဲ့ပါသည်။ ထို့အပြင် နိုင်ငံပြင်ပရောက်မဲဆန္ဒရှင်အရေအတွက် များပြားခြင်းကြောင့် ကြိုတင်ဆန္ဒမဲလက်မှတ်၏ ကျောဘက်၌ သက်ဆိုင်ရာ မြို့နယ်မှ မဟုတ်ဘဲ ခရိုင်/ အခြားမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ၏ ရုံးတံဆိပ် ရိုက်နှိပ်ခြင်း၊ အမည်ဖော်ပြ လက်မှတ်ရေးထိုးထားခြင်းများ ရှိပါကလည်း တိုင်းဒေသကြီး/ ပြည်နယ် တစ်ခုအတွင်းရှိ ခရိုင် သို့မဟုတ် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တစ်ခုခုမှ ဆောင်ရွက်ထားခြင်းဖြစ်ပါက အဆိုပါ ကြိုတင်ဆန္ဒမဲလက်မှတ်များကို ခိုင်လုံမဲအဖြစ် သတ်မှတ်ရေတွက်သွားရန် ၃၁-၁၀-၂၀၂၀ ရက်နေ့တွင် ညွှန်ကြားဆောင်ရွက်ခဲ့ပါသည်။ ထို့ကြောင့် ရွေးကောက်ပွဲနေ့ မဲရေတွက်ရာတွင် မြို့နယ်ကော်မရှင်အဖွဲ့ခွဲများအနေဖြင့် ခိုင်လုံမဲ/ပယ်မဲ သတ်မှတ်ရာ၌ ရှုပ်ထွေးမှုများ ဖြစ်ပေါ်စေခဲ့ကြောင်း စိစစ်တွေ့ရှိရပါသည်။ [5] [6] [7] |
(ဃ) | သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲနည်းဥပဒေ ၄၄ (က) ပါ သတ်မှတ် ပြဋ္ဌာန်းချက်အရ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွင် ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများသည် တံဆိပ်တုံးနှိပ်၍ ဆန္ဒပြုရမည်ဖြစ်ပြီး နည်းဥပဒေ ၄၄ (ခ) ပါ သတ်မှတ်ပြဋ္ဌာန်းချက်အရ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲတွင် ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများသည် အမှန်ခြစ် ခြစ်၍ ဆန္ဒပြုရမည် ဖြစ်ပါသည်။ ယခင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေမှုအခြေအနေအရ အသက် ၆၀ နှစ်နှင့်အထက် မဲဆန္ဒရှင်များကို ကြိုတင်ဆန္ဒမဲ ကောက်ယူရာတွင် မဲဆန္ဒရှင် အရေအတွက်များပြားခြင်းကြောင့် တံဆိပ်တုံးဖြင့် ဆန္ဒပြုရမည့်အစား အမှန်ခြစ်၍ဆန္ဒပြုထားသော ကြိုတင်ဆန္ဒမဲလက်မှတ်များကိုလည်းကောင်း၊ ကြိုတင်မဲစာအိတ်များကို ကော်သုတ်၍ပိတ်ရာ၌ ဆန္ဒမဲ လက်မှတ်ကို အစွန်းအထင်း ဖြစ်ပေါ်စေနိုင်သဖြင့် အဆိုပါ အစွန်းအထင်းပါသော ကြိုတင်ဆန္ဒမဲလက်မှတ်များကိုလည်းကောင်း၊ တာဝန်ရှိသူက စာအိတ်များကို ဖွင့်ဖောက်သည့်အခါ ဆန္ဒမဲလက်မှတ် စုတ်ပြဲမှုဖြစ်ပေါ်နိုင်သဖြင့် အဆိုပါ စုတ်ပြဲနေသည့် ကြိုတင်ဆန္ဒမဲလက်မှတ်များကိုလည်းကောင်း၊ လွှတ်တော်အလိုက် ထည့်သွင်းရမည့် ကြိုတင်မဲလက်မှတ်နှင့် စာအိတ် လွဲမှားသော်လည်း မဲဆန္ဒရှင်က မှန်ကန်စွာ ဆန္ဒပြုထားသည့် ကြိုတင်ဆန္ဒမဲလက်မှတ်များကိုလည်းကောင်း ခိုင်လုံမဲအဖြစ် သတ်မှတ်ရေတွက်သွားရန် ၃၀-၁၀-၂၀၂၀ ရက်နေ့တွင် ညွှန်ကြားဆောင်ရွက်ခဲ့ပါသည်။ ထို့ကြောင့် သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများနှင့် မဲရုံမှူးများအနေဖြင့် ရွေးကောက်ပွဲနေ့ မဲရေတွက်ရာတွင် ခိုင်လုံမဲ/ပယ်မဲ သတ်မှတ်ရာ၌ ရှုပ်ထွေးမှုများ ဖြစ်ပေါ်စေခဲ့ကြောင်း စိစစ်တွေ့ရှိရပါသည်။ [8] |
(င) | ယခင်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ရွေးကောက်ပွဲနေ့တွင် မဲရုံများ၌ အသုံးပြုခဲ့သည့် ဆန္ဒပြုအမှန်ခြစ်တံဆိပ်တုံးများနှင့်စပ်လျဉ်း၍ မဲရေတွက်ရာတွင် UEC တံဆိပ်မပါရှိသည့် အမှန်ခြစ်တံဆိပ်တုံး ရိုက်နှိပ်ထားသော မဲလက်မှတ်များကို တွေ့ရှိပါကလည်း မည်သည့်ပါတီ/တစ်သီးပုဂ္ဂလကို ဆန္ဒပြုထားသည်ဖြစ်စေ ခိုင်လုံမဲအဖြစ် သတ်မှတ်မည်ဖြစ်ကြောင်း ရွေးကောက်ပွဲကျင်းပရန် နှစ်ရက်အလို ဖြစ်သည့် ၆-၁၁-၂၀၂၀ ရက်နေ့တွင်မှ ညွှန်ကြားခဲ့ခြင်း သည်လည်း မဲမသမာမှုများ ဖြစ်ပေါ်စေသည့်အပြင် မဲရုံ၌ မဲရေတွက်မှုများတွင် ရှုပ်ထွေးမှုများကို ဖြစ်ပေါ် စေခဲ့ကြောင်း စိစစ်တွေ့ရှိရပါသည်။ [9] |