၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ
မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်

ဥပဒေ၊ နည်းဥပဒေ၊ အမိန့်နှင့်ညွှန်ကြားချက်များအား ကျော်လွန် ‌ဖောက်ဖျက်၍ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့် ဖွဲ့စည်းရာတွင် ဝင်ရောက်စွက်ဖက်ခြင်း

 ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီအနေဖြင့် ရွေးကောက်ပွဲဆိုင်ရာ ဆောင်ရွက်မှုဖြစ်စဉ်များ၌ ဥပဒေ၊ နည်းဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်များအား ကျော်လွန်စွက်ဖက်လုပ်ဆောင်ခဲ့မှုများနှင့်စပ်လျဉ်း၍ တစ်ဖက်ပါအတိုင်း စိစစ် တွေ့ရှိရပါသည်-

 (က) ယခင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၁၇-၁၁-၂၀၁၇ ရက်စွဲပါ ကြေညာချက်အမှတ် (၃၂/ ၂၀၁၇) ဖြင့် တိုင်းဒေသကြီး/ ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း ကြေညာချက်ထုတ်ပြန်ခဲ့ပါသည်။ ယင်းနောက် ယခင်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၄- ၁၂- ၂၀၁၇ ရက်စွဲပါ ကြေညာချက် အမှတ် (၃၃/၂၀၁၇)နှင့် ၆- ၁၂- ၂၀၁၇ ရက်စွဲပါ ကြေညာချက် အမှတ်(၃၄/၂၀၁၇)တို့ဖြင့် တိုင်းဒေသကြီး/ ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း ကြေညာချက်များကို ထပ်မံထုတ်ပြန်ခဲ့ပါသည်။ အဆိုပါ ကြေညာချက်များတွင် တိုင်းဒေသကြီး/ ပြည်နယ်ဝန်ကြီးချုပ်များမှ ခန့်အပ်လိုသည့် NLD ပါတီအမာခံများထည့်သွင်း၍ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအဖြစ် ဖွဲ့စည်း တာဝန်ပေးအပ်ခဲ့ကြောင်း စိစစ်တွေ့ရှိရပါသည်။
 (ခ) ကယားပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၏ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီနှင့် ပတ်သက်ဆက်နွှယ်မှုများမှာ အောက်ပါအတိုင်း ဖြစ်ကြောင်း စိစစ်တွေ့ရှိရပါသည်- [1]
(၁) ဦးသန်းစိုး ( ဥက္ကဋ္ဌ ) (၂၀၁၅ ခုနှစ် အထွေ‌‌ထွေရွေးကောက်ပွဲ ကယား ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အောင်နိုင်ရေးအဖွဲ့ အဖွဲ့ဝင်၊ ပါတီ အမာခံ)
(၂) ဒေါ်ချိုချိုသန်း (အဖွဲ့ဝင်) (၎င်း၏ခင်ပွန်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ အောင်နိုင်ရေးအဖွဲ့အဖွဲ့ဝင်၊ စည်းရုံးရေး တာဝန်ခံ၊ ပါတီစွဲ ပုဂ္ဂိုလ်စွဲ ကြီးသူ)
(၃) ဒေါ်နွဲ့နွဲ့ခင် (အဖွဲ့ဝင်) (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ထောက်ခံသူ)
(၄) ဦးတင်စိုး (အဖွဲ့ဝင်) ( အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ထောက်ခံသူ)
 (ဂ) ယခင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၂-၁၂-၂၀၁၇ ရက်စွဲပါ ကြေညာချက်အမှတ် (၅၂/ ၂၀၁၇) ဖြင့် ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများကို လည်းကောင်း၊ ၂၃-၁၂-၂၀၁၇ ရက်စွဲပါ ကြေညာချက်အမှတ် (၅၃/၂၀၁၇)ဖြင့် မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများကို လည်းကောင်း ဖွဲ့စည်းခဲ့ရာ ကယားပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအနေဖြင့် သိရှိခြင်းမရှိဘဲ ယခင် ကယားပြည်နယ် ဝန်ကြီးချုပ်မှ အမည်စာရင်းပေးပို့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအမာခံများ၊ ထောက်ခံသူများကို ယခင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ခန့်အပ်တာဝန်ပေးခဲ့ခြင်းဖြစ်ကြောင်း စိစစ်တွေ့ရှိရပါသည်။
 (ဃ) ကရင်ပြည်နယ်တွင်လည်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့် ဖွဲ့စည်းရာတွင် NLD ပါတီ၏ အမာခံများ ပါဝင်စေပြီး ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များတွင် မသမာမှုပြုလုပ်နိုင်ရန် ကြိုတင်စီမံဆောင်ရွက်ခဲ့ကြောင်း တွေ့ရှိရပါသည်။ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့် ဖွဲ့စည်းတာဝန်ပေးအပ်ရာတွင် အမိန့်ကြော်ငြာစာ ထုတ်ပြန်ပြီးမှ ပြန်လည်ပယ်ဖျက်၍ ကရင်ပြည်နယ် ဝန်ကြီးချုပ်မှ အမည်စာရင်း ပေးပို့ သူများဖြင့် ပြင်ဆင်ဖွဲ့စည်းမိန့် ထုတ်ပြန်ပေးခဲ့ရခြင်းများကို စိစစ်တွေ့ရှိရပါသည်။ [2]
 ( င ) ချင်းပြည်နယ်တွင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ ဖွဲ့စည်းရာ၌ ယခင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေပုဒ်မ ၁၀၊ ပုဒ်မခွဲ(ဂ)ပါ တာဝန်နှင့်လုပ်ပိုင်ခွင့်များအရ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ (အများယုံကြည်လေးစားခြင်းခံရသော ပုဂ္ဂိုလ်များ) ဖွဲ့စည်းရာတွင် ဥပဒေပြဋ္ဌာန်းချက်တွင် ပါဝင်ခြင်းမရှိဘဲ ပြည်နယ်အစိုးရအဖွဲ့ သို့မဟုတ် ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ်ထံ အတည်ပြုရခြင်း၊ ရွေးချယ်ခြင်းများ ဆောင်ရွက်စေခြင်း တို့ကို ဆောင်ရွက်ခဲ့ကြောင်း တွေ့ရှိရပါသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအား တွေ့ဆုံစေ၍ စိစစ်ရွေးချယ်မှုများ တရားမဝင်ဆောင်ရွက်ခဲ့ပါသည်။ ပြည်နယ်ဝန်ကြီးချုပ်သည် ၎င်းနှင့်ရင်းနှီးသိကျွမ်းသော ပုဂ္ဂိုလ်များအားဖုန်းဆက်၍ တာဝန်ယူ ဆောင်ရွက်စေခဲ့ကြောင်း တွေ့ရှိရပါသည်။ ယခင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၁၇-၁၁-၂၀၁၇ ရက်စွဲပါ ကြေညာချက်အမှတ် (၃၂/၂၀၁၇) ဖြင့် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများကို ဖွဲ့စည်းတာဝန် ပေးအပ်ခဲ့ပြီးမှ ပြည်နယ်ဝန်ကြီးချုပ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီနှင့် ဆက်စပ်သော ပုဂ္ဂိုလ်အား တာဝန်ပေးစေလိုသဖြင့် ယခင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ဆက်သွယ်ခဲ့ပြီး ယခင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၄-၁၂-၂၀၁၇ ရက်စွဲပါ ကြေညာချက်အမှတ် (၃၃/၂၀၁၇) ဖြင့် ချင်းပြည်နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအား ဖွဲ့စည်းကြောင်း ထပ်မံ၍ ထုတ်ပြန်ကြေညာခဲ့ပါသည်။ [3]
 (စ) ချင်းပြည်နယ်အစိုးရအဖွဲ့၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဝီကောသည် ကျေးရွာ အုပ်စုနှင့် ကျေးရွာများ၏ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ အစားထိုး ပေးနိုင်ရန်အတွက် ၁၁- ၂- ၂၀၂၀ ရက်စွဲပါ စာအမှတ်၊ ၁ / ၂ -၂ (၁၄) / ဦး ၃ ဖြင့် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသို့ ညှိနှိုင်းဆောင်ရွက်ပေးရန် ပေးပို့ခဲ့ ပါသည်။ ထို့ကြောင့် ပြည်နယ်ရွေးကောက်ပွဲအရာရှိ ဦးလင်းကျော်မှ ၁၇- ၂- ၂၀၂၀ ရက်စွဲပါ စာအမှတ်၊ ၁/ (၁)- ကဖစ/ ချင်းကမရခွဲ ဖြင့်လည်းကောင်း၊ ၁၈- ၂- ၂၀၂၀ ရက်စွဲပါစာအမှတ်၊ ၂/(၃)-နငရ/ချင်းကမရခွဲ ဖြင့်လည်းကောင်း အကြောင်းပြန်စာများ ပေးပို့၍ ညှိနှိုင်းဆောင်ရွက်ခဲ့ရပါသည်။ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်/ ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအနေဖြင့် ကျန်းမာရေးအရသော်လည်းကောင်း၊ လူမှုရေးအရသော်လည်းကောင်း နုတ်ထွက် ရာတွင် အစားထိုးခန့်အပ်ရန် လျာထားအမည်စာရင်းများအား တင်ပြနိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ်နှင့် သက်ဆိုင်ရာမြို့နယ်၏နယ်မြေခံဝန်ကြီးများထံသို့ ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအနေဖြင့် အတည်ပြုချက်များ ရယူခဲ့ရခြင်းသည် ယခင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများအပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အစိုးရအဖွဲ့ဝင်များနှင့် ပါတီမှ လွှမ်းမိုးချုပ်ကိုင်ထားကြောင်း တွေ့ရှိရပါသည်။ [4] [5]
 (ဆ) ယခင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဟောင်း ဒေါက်တာမြင့်နိုင် သည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ များကို ပြန်လည်ဖွဲ့စည်းခဲ့ရာတွင် အမည်စာရင်းပေးပို့နိုင်ရေးအတွက် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်ဦးဆောင်ရွေးချယ်နိုင်ရန် ညွှန်ကြားခဲ့ခြင်း၊ ကသာခရိုင်နှင့် အင်းတော်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ ဖွဲ့စည်းရာတွင် NLD ပါတီ လိုလားသူများ မပါဝင်သဖြင့် သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ် များက ပါဝင်စွက်ဖက်ခဲ့ကြပြီး ကော်မရှင်အဖွဲ့ခွဲများပြင်ဆင်ဖွဲ့စည်းပေးရန် ယခင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ဖိအားပေးဆောင်ရွက်ခဲ့ခြင်းများကို စိစစ် တွေ့ရှိရပါသည်။ [6]
 (ဇ) ယခင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၁၇-၁၁-၂၀၁၇ ရက်စွဲပါ ကြေညာချက်အမှတ် (၃၂/၂၀၁၇)ဖြင့် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများကို ပြန်လည်ဖွဲ့စည်းခဲ့ရာ ပဲခူးတိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲကို ဥက္ကဋ္ဌ ဦးဝင်းမောင်နှင့် အများယုံကြည်လေးစားခြင်းခံရသော အဖွဲ့ဝင် ၅ ဦး ပါဝင်ဖွဲ့စည်း တာဝန်ပေးအပ်ခဲ့ပါသည်။ အဆိုပါ ကြေညာချက်အား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ မိတ္တူပေးပို့ခဲ့ရာ ယခင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဟောင်း ဦးဝင်းသိန်းက ပဲခူးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဝင်းမောင်အား ၎င်း၏ နေအိမ်တွင် ခေါ်ယူတွေ့ဆုံခဲ့ပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ ကော်မရှင်အဖွဲ့ခွဲများ ဖွဲ့စည်းမှုကို မကျေနပ်ကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ ဖုန်းဆက်မည်ဖြစ်ကြောင်းနှင့် ဦးဝင်းမောင်အနေဖြင့် လည်း ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ရန်အတွက် စိတ်ကူးတွင်ပင် ထည့်သွင်းမစဉ်းစား ရန်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ယခင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ကလည်း အဆိုပါ ကြေညာချက်အမှတ် (၃၂/ ၂၀၁၇) ကို ချက်ချင်း ပြန်လည် သိမ်းဆည်းရန် ညွှန်ကြားခဲ့ပြီး ၄-၁၂-၂၀၁၇ ရက်စွဲပါ ကြေညာချက်အမှတ် (၃၃/၂၀၁၇) ဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ရာ ယခင်ဥက္ကဋ္ဌ ဦးဝင်းမောင် ပါဝင်ခြင်းမရှိတော့ဘဲ အောက်ဖော်ပြပါ အတိုင်း ပြင်ဆင်ဖွဲ့စည်းပေးခဲ့ကြောင်း တွေ့ရှိရပါသည်- [7]
(၁) ဦးမိုးဆွေ ဥက္ကဋ္ဌ
(၂) ဦးအောင်မြင့် အဖွဲ့ဝင်(၁)
(၃) ဒေါ်ခင်လှဆွေ အဖွဲ့ဝင်(၂)
(၄) ဒေါက်တာကြည်စိုး အဖွဲ့ဝင်(၃)
(၅) ဒေါ်စန်းစန်းမြတ် အဖွဲ့ဝင်(၄)
(၆) ဒေါက်တာရဲညွန့်နိုင် အဖွဲ့ဝင်(၅)
 (စျ) ပြင်ဆင်ဖွဲ့စည်းသည့် ပဲခူးတိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် အများစုမှာ NLD ပါတီနှင့် ဆက်နွှယ်မှုရှိသူများဖြစ်ပြီး အဖွဲ့ဝင် (၄) ဖြစ်သူ ဒေါ်စန်းစန်းမြတ် သည် ယခင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဟောင်း ဦးဝင်းသိန်း၏ တူမအရင်းတော်စပ်သူဖြစ်ကြောင်း စိစစ်တွေ့ရှိရပါသည်။
 (ည) ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေအရ တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင် နှင့် မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က လည်းကောင်း၊ ရပ်ကွက်/ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများကို တိုင်းဒေသကြီး/ ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများက လည်းကောင်း ဖွဲ့စည်းတာဝန်ပေးအပ်ရမည်ဖြစ်ပါသည်။ သို့ရာတွင် ယခင် ပဲခူး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဟောင်း ဦးဝင်းသိန်း က ရပ်ကွက်/ ကျေးရွာ အုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ ဖွဲ့စည်းရာတွင် ၎င်း၏ ခွင့်ပြုချက်ရရှိမှသာ တာဝန်ပေးအပ်ရမည်ဟု တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသို့ ညွှန်ကြား ခဲ့ကြောင်း တွေ့ရှိရပါသည်။ ယခင် ရပ်ကွက်/ကျေးရွာအုပ်စုရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲများတွင် လစ်လပ်မှုရှိပါက ၎င်းအဖွဲ့ခွဲအစည်းအဝေးတွင်စိစစ်၍ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ တင်ပြရပြီး မြို့နယ်အုပ်ချုပ်ရေးမှူးမှတစ်ဆင့် လွှတ်တော်ကိုယ်စားလှယ် ၄ ဦးနှင့် အတည်ပြုကာ ယခင် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဦးဝင်းသိန်း အတည်ပြုမှသာ ခန့်အပ်တာဝန်ပေးခဲ့ရကြောင်း စိစစ်တွေ့ရှိရပါသည်။ လွှတ်တော်ကိုယ်စားလှယ်များ၏ အတည်ပြုချက်ဖြင့် ရွေးချယ် ခန့်ထားသော ရပ်ကွက်/ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များမှာ NLD လွှတ်တော်ကိုယ်စားလှယ်များက ရွေးချယ်ထားခြင်းဖြစ်သည့်အတွက် NLD အများစုသာဖြစ်နေကြောင်း တွေ့ရှိရပါသည်။ [8]
 (ဋ) မကွေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲကို အများယုံကြည်လေးစား ခြင်းခံရသောပုဂ္ဂိုလ် ၆ ဦး၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ ၁၀ ဦး၊ စုစုပေါင်း ၁၆ ဦးဖြင့် ဖွဲ့စည်းခဲ့ပါသည်။ ထိုသို့ဖွဲ့စည်းနိုင်ရေးအတွက် အများယုံကြည်လေးစားခြင်း ခံရသောပုဂ္ဂိုလ် ၆ ဦး၏ အမည်စာရင်းအား ဌာနဆိုင်ရာများတွင် လုပ်ကိုင်ခဲ့ဖူးသော အငြိမ်းစားများထဲမှ ယင်းတို့၏ဆန္ဒကိုမေးမြန်း၍ ကိုယ်ရေးအချက်အလက် အကျဉ်းချုပ်နှင့်အတူ ယခင်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ တင်ပြခဲ့ကြောင်း တွေ့ရှိရပါသည်။ ရွေးကောက်ပွဲလုပ်ငန်းသည် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ရသည့် လုပ်ငန်းဖြစ်သဖြင့် ဌာနဆိုင်ရာ အငြိမ်းစားများထဲမှ အများ ယုံကြည်လေးစားသည့် ဥပဒေအရာရှိများကို ဦးစားပေးရွေးချယ်ခဲ့သော်လည်း တင်ပြ ခဲ့သည့် အများယုံကြည်လေးစားခြင်းခံရသော ပုဂ္ဂိုလ်များအား ယခင်ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဖွဲ့စည်းတာဝန်ပေးခဲ့ခြင်းမရှိကြောင်း တွေ့ရှိရပါသည်။ ထိုသို့ ဖွဲ့စည်းတာဝန်ပေးအပ်မှုမပြုခြင်းမှာ ယခင် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဟောင်းနှင့် NLD ပါတီဗဟိုကော်မတီဝင်များက သဘောမတူသောကြောင့် ဖြစ်ကြောင်းတွေ့ရှိရပါသည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ ဖွဲ့စည်းခြင်းနှင့်စပ်လျဉ်း၍ ယခင်မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်းနှင့် ညှိနှိုင်း၍ လျှို့ဝှက်အဆင့်ဖြင့် အမည်စာရင်းများ တောင်းခံဆောင်ရွက်ခဲ့ကြောင်း စိစစ်တွေ့ရှိရပါသည်။ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အသီးသီးအတွက် အဖွဲ့ဝင်များ ခန့်အပ်ရာတွင် အများယုံကြည်လေးစားခြင်းခံရသူများကို ပွင့်လင်းမြင်သာစွာ ခန့်အပ်ရန်ဖြစ်သော်လည်း မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များက ရွေးချယ်ပေးသည့် NLD အမာခံများ၊ ယင်းတို့ပါတီလိုလားသူများကို ယခင် တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌမှတစ်ဆင့် ယခင် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်းထံ အမည်စာရင်းတင်ပြခဲ့ပြီး ယခင်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်းက ယခင်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ အမည်စာရင်းများကို လျှို့ဝှက်အဆင့်ဖြင့် စာပေးပို့၍ တိုက်ရိုက်တင်ပြခဲ့ကြောင်း တွေ့ရှိရပါသည်။ ယခင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းနှင့် ယခင်မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအောင်မိုးညိုတို့သည် သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများ ဖွဲ့စည်းဆောင်ရွက်ခဲ့သည့် ၂၀၁၇ ခုနှစ်အချိန်ကပင် ယင်းတို့၏ ပါတီတစ်ခုတည်းသာ အနိုင်ရရှိပြီး အစိုးရဖွဲ့နိုင်ရေးအတွက် မဲမသမာမှုများ ပြုလုပ်နိုင်ရန် ဥပဒေ၊ နည်းဥပဒေများကို ကျော်လွန်ဖောက်ဖျက်ကာ ရည်ရွယ်ချက်ရှိရှိ ကြိုတင်ဆောင်ရွက်ခဲ့ကြကြောင်း စိစစ်တွေ့ရှိရပါသည်။ [9] [10]
 (ဌ) ယခင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၁၇-၁၁-၂၀၁၇ ရက်စွဲပါ ကြေညာချက်အမှတ်(၃၂/၂၀၁၇)ဖြင့် မန္တလေးတိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲကို အများယုံကြည်လေးစားခြင်းခံရသော ပုဂ္ဂိုလ် ၆ ဦး၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ ၁၀ ဦး၊ စုစုပေါင်း ၁၆ ဦးဖြင့် ဖွဲ့စည်းခဲ့ရာ ယခင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် NLD ပါတီ ဗဟိုကော်မတီဝင်များက သဘောတူညီမှု မရှိဘဲ ကန့်ကွက်ခဲ့ကြသဖြင့် ၄- ၁၂- ၂၀၁၇ ရက်စွဲပါ ကြေညာချက်အမှတ် (၃၃/၂၀၁၇) ဖြင့် မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲကို ပြင်ဆင်ဖွဲ့စည်းပေးခဲ့ ကြောင်း တွေ့ရှိရပါသည်။ ယခင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများကို ၁၈-၁၂-၂၀၁၇ ရက်စွဲပါ ကြေညာချက်အမှတ် (၄၄/၂၀၁၇) ဖြင့်လည်းကောင်း၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများကို ကြေညာချက်အမှတ် (၄၅/၂၀၁၇) တို့ဖြင့် ခန့်အပ် ဖွဲ့စည်းခဲ့ပါသည်။ ယင်းကဲ့သို့ ဖွဲ့စည်းခဲ့မှုကို ယခင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် တိုင်းဒေသကြီးဝန်ကြီးချုပ်ဟောင်းနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ ယခင်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ခန့်အပ်တာဝန် ပေးခဲ့ပြီးဖြစ်သည့် မြို့နယ်များအနက်မှ မတ္တရာမြို့နယ်၊ သပိတ်ကျင်းမြို့နယ်၊ မလှိုင်မြို့နယ်၊ မိတ္ထီလာမြို့နယ်၊ သာစည်မြို့နယ်နှင့် မြင်းခြံမြို့နယ်တို့၏ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများကို ပြင်ဆင်ဖွဲ့စည်းပေးရန် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင်မှ ယခင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းထံသို့ ၂၀-၁၂-၂၀၁၇ ရက်စွဲပါ စာအမှတ်၊ ၁/၂-၁/ ၅ ဦး ၆ (၂၄၃) ဖြင့် လျှို့ဝှက်အဆင့်ဖြင့်ပေးပို့ခဲ့ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ကြေညာချက်အမှတ် (၅၄/၂၀၁၇) ဖြင့် ပြင်ဆင်ဖွဲ့စည်း တာဝန်ပေးအပ်ခဲ့ကြောင်း တွေ့ရှိရပါသည်။ အချို့သော မြို့နယ်များတွင် ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ ရွေးချယ်ရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ အနိုင်ရလွှတ်တော်ကိုယ်စားလှယ်များမှ ဝင်ရောက်ဆောင်ရွက်မှုများလည်း ရှိခဲ့ပါသည်။ ခန့်အပ်တာဝန်ပေးခဲ့သည့် ဥက္ကဋ္ဌ၊ အဖွဲ့ဝင် (အများယုံကြည်လေးစားခြင်းခံရသောပုဂ္ဂိုလ်) များ အကြောင်းအမျိုးမျိုးကြောင့် လစ်လပ်ပါက သက်ဆိုင်ရာ မြို့နယ်၏ အနိုင်ရလွှတ်တော် ကိုယ်စားလှယ်များမှ ခရိုင်/ မြို့နယ်စီမံခန့်ခွဲမှုကော်မတီနှင့်အတူ ပူးပေါင်း ရွေးချယ်စေပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ သဘောတူညီချက် ရရှိမှသာ ယခင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် အစားထိုးခန့်အပ်ခဲ့ကြောင်း တွေ့ရှိရပါသည်။ [11] [12] [13]
 ( ဍ ) ပျော်ဘွယ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲကို မန္တလေးတိုင်းဒေသကြီးအစိုးရ အဖွဲ့၏ အလိုကျခန့်အပ်ရန်ပေးပို့ထားသည့် အမည်စာရင်းအတိုင်း ယခင်ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ခန့်အပ်ခဲ့ခြင်းအပေါ် မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးမှ “ပျော်ဘွယ် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအမည်စာရင်းနှင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ ပြန်လည်ပေးပို့လာသည့် အမည်စာရင်းတွင် အဖွဲ့ဝင် ၂ ဦး အမည်စာရင်း လွဲမှားနေသဖြင့် ပြန်လည်ပြင်ဆင်ပေးရန် အစီအစဉ် ရှိ၊ မရှိ” နှင့် စပ်လျဉ်းသည့် မေးခွန်းအား ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်အဋ္ဌမပုံမှန် အစည်းအဝေး၊ ပဉ္စမနေ့တွင် မေးမြန်းခဲ့ပါသည်။ ယင်းကဲ့သို့ မေးမြန်းချက်အပေါ် ယခင်ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးအောင်မြင့်မှ ပြန်လည်ဖြေကြားခဲ့ရာတွင် အမည်စာရင်းသည် အဘယ့်ကြောင့် လွဲမှားခဲ့သည်ကို တိကျမှန်ကန်ရှင်းလင်းစွာ ဖြေကြားခဲ့ခြင်းမရှိဘဲ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များအရသာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ဖြေကြားခဲ့ပါသည်။ယခင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် နိုင်ငံတော်၏ ဥပဒေပြုမဏ္ဍိုင်ဖြစ်သော ပြည်သူ့လွှတ်တော်တွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပေးပို့သော အမည်စာရင်းအတိုင်း ဆောင်ရွက် ခဲ့ခြင်းဖြစ်ကြောင်း ဖြေကြားမှုမရှိခြင်းသည် ယခင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အနေဖြင့် ဘက်မလိုက်သော လွတ်လပ်သော အဖွဲ့အစည်းမဟုတ်သည်ကို သိသာ ထင်ရှားစွာ တွေ့မြင်နိုင်ပြီး အစိုးရအဖွဲ့ဝင်များအနေဖြင့် ယခင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အား လွှမ်းမိုးချုပ်ကိုင်ခြင်း၊ ဝင်ရောက်စွက်ဖက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိသာထင်ရှားစွာ တွေ့ရှိရပါသည်။ [14]
 (ဎ) မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဖွဲ့စည်းခြင်းနှင့် ပတ်သက်၍ ၁၇-၁၁-၂၀၁၇ ရက်စွဲပါ ကြေညာချက်အမှတ် (၃၂/၂၀၁၇)ကို ယခင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသို့ ၁၇-၁၁-၂၀၁၇ ရက်နေ့တွင် Fax ဖြင့် ပေးပို့ခဲ့ပါသည်။ ထိုသို့ Fax ဖြင့် ပေးပို့ခဲ့သော ကြေညာချက်အမှတ် (၃၂/ ၂၀၁၇) အား ချိပ်ပိတ်၍ ထိန်းသိမ်းထားရှိရန် ညွှန်ကြားခဲ့ကြောင်း တွေ့ရှိရပါသည်။ မွန်ပြည်နယ်ဝန်ကြီးချုပ်သည် ယခင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် တိုက်ရိုက် ဆက်သွယ်ခဲ့ပြီး မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအား ၆- ၁၂- ၂၀၁၇ ရက်စွဲပါ ကြေညာချက်အမှတ် (၃၄/၂၀၁၇) ဖြင့် မူလခန့်အပ်တာဝန်ပေးခဲ့သော လူစာရင်းမှ ၄ ဦး အား ထုတ်ပယ်ကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီလိုလားသူ အသစ် ၄ ဦးအားအစားထိုး၍ ထပ်မံဖွဲ့စည်းခဲ့ကြောင်း တွေ့ရှိရပါသည်။ [15]
 (ဏ) မွန်ပြည်နယ်အတွင်း ခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ ဖွဲ့စည်း ရာတွင် ယခင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ လမ်းညွှန်မှုဖြင့် မွန်ပြည်နယ် ဝန်ကြီးချုပ်ထံ အစီရင်ခံတင်ပြပြီး ဆောင်ရွက်ခဲ့ရကြောင်း တွေ့ရှိရပါသည်။ ထိုကဲ့သို့ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအား ၂-၁-၂၀၁၈ ရက်စွဲပါ ကြေညာချက် အမှတ် (၃/၂၀၁၈)ဖြင့်လည်းကောင်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ များအား ၂-၁-၂၀၁၈ ရက်စွဲပါ ကြေညာချက်အမှတ် (၄/၂၀၁၈) ဖြင့် လည်းကောင်း ဖွဲ့စည်းရာတွင် တာဝန်ပေးအပ်ခဲ့သူများသည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေ ပုဒ်မ ၁၆ ပါ အရည်အချင်းများနှင့် ကိုက်ညီမှု ရှိ/ မရှိအား စိစစ်ဆောင်ရွက် ခဲ့ခြင်းမရှိကြောင်းနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ လိုလားသူ အမာခံပုဂ္ဂိုလ် အများစုကို ထည့်သွင်းဖွဲ့စည်းထားကြောင်း တွေ့ရှိရပါသည်။
 (တ) ရခိုင်ပြည်နယ်တွင် ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများ စတင်ဖွဲ့စည်းသည့် ၂၀၁၇ ခုနှစ်တွင် NLD ပါတီက ခရိုင်နှင့် မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ၌ ထည့်သွင်းဖွဲ့စည်းပေးရန် ရွေးချယ်တင်ပြလာသည့် NLD ပါတီဝင်များနှင့် ယင်းတို့၏ အမာခံလူစာရင်းများကို ဝန်ကြီးချုပ်ဟောင်း ဦးညီပု လက်မှတ်ရေးထိုး၍ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးထံ ပေးအပ်ခဲ့ပြီး ခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများတွင် NLD ပါတီဝင် များနှင့် ယင်းတို့၏ အမာခံများကို ယခင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထည့်သွင်း ဖွဲ့စည်းဆောင်ရွက်ခဲ့ကြောင်း စိစစ်တွေ့ရှိရပါသည်။ [16]
 (ထ) ယခင်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအား အသစ်ပြန်လည် ဖွဲ့စည်းရန်အတွက် အဆိုပြု အမည်စာရင်း တောင်းခံခဲ့ပြီး ၁၇-၁၁-၂၀၁၇ ရက်စွဲပါ ကြေညာချက်အမှတ် (၃၂/ ၂၀၁၇) ဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ရာ မူလတင်ပြထားရှိသော ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် ၂ ဦး၊ သီးခြား ထည့်သွင်းသော အဖွဲ့ဝင် ၃ ဦးတို့ ပါဝင်ခဲ့ပါသည်။ ထိုသို့ထုတ်ပြန်ပြီး နောက်တစ်နေ့တွင်ပင် အဆိုပါကြေညာချက်အား ဆိုင်းငံ့ပယ်ဖျက်ရန်အကြောင်း ကြားခဲ့ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ၆- ၁၂- ၂၀၁၇ ရက်စွဲပါ ကြေညာချက် အမှတ်(၃၄/၂၀၁၇)ဖြင့် အခြားပုဂ္ဂိုလ်များ ပါဝင်သည့် ရန်ကုန်တိုင်း ဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲကို ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။ အဆိုပါ ပုဂ္ဂိုလ်များမှာ ယခင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းက အမည်စာရင်း တင်သွင်းသူများဖြစ်ကြောင်း တွေ့ရှိရပါသည်။ ခရိုင် နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ ဆက်လက်ဖွဲ့စည်းရန်အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ က “သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်ဝန်ကြီးချုပ်များထံ သွားရောက်တွေ့ဆုံ၍ ဝန်ကြီးချုပ်၏ လမ်းညွှန်မှုခံယူပြီး ညွှန်ကြားချက်အတိုင်း ဆောင်ရွက်ရန်” လမ်းညွှန်မှုပြုသဖြင့် ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကြည်မြင့်နှင့် အတွင်းရေးမှူး ဦးတင်မောင်အေး တို့မှ ဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းအား သွားရောက်တွေ့ဆုံခဲ့ပြီး ယင်းမှ ရွေးချယ်ပေးသည့် အမည်စာရင်းအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ပေးပို့တင်ပြခဲ့ရာ အဆိုပါ လျာထားအမည်စာရင်းများအတိုင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ကြောင်း တွေ့ရှိရပါသည်။ [17] [18]
 (ဒ) ယခင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများကို ပြန်လည်ဖွဲ့စည်းခဲ့ရာတွင် အမည်စာရင်းပေးပို့နိုင်ရေးအတွက် ကြိုတင်စီမံဆောင်ရွက်ခဲ့ပြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ/ အဖွဲ့ဝင်များ လစ်လပ်မှုရှိပါကလည်း တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ သဘောတူညီချက်ရရှိသူကိုသာ ယခင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ အစားထိုးအမည်စာရင်း တင်ပြရသည်ကို စိစစ်တွေ့ရှိ ရပါသည်။ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ ဖွဲ့စည်းရာတွင်လည်း NLD ပါတီမှ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များက ပါဝင်စွက်ဖက်ခဲ့ကြပြီး အဆိုပါ NLD အမာခံ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များအနေဖြင့် မဲဆွယ်စည်းရုံးခြင်း၊ ကြိုတင်ဆန္ဒမဲများ ကောက်ယူခြင်း၊ မဲရုံတွင် ဆန္ဒမဲပေးခြင်းများနှင့်စပ်လျဉ်း၍ ပြောင်ပြောင်တင်းတင်း ဘက်လိုက်ဆောင်ရွက်မှုများ ရှိခဲ့ကြောင်း စိစစ် တွေ့ရှိရသည်။ [19]
 (ဓ) ပြည်ထောင်စုနယ်မြေရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကို (အများ ယုံကြည်လေးစားခြင်းခံရသောပုဂ္ဂိုလ်) ၆ ဦး တို့ဖြင့် အသစ်ပြန်လည်ဖွဲ့စည်းရန် အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ နေပြည်တော်ကောင်စီသို့အဆိုပြု အမည်စာရင်းတောင်းခံခဲ့ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ၉-၁-၂၀၁၈ ရက်စွဲပါ ကြေညာချက်အမှတ် (၅/၂၀၁၈) ဖြင့် ဖွဲ့စည်းတာဝန် ပေးအပ်ခဲ့ပါသည်။ ခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ (အများယုံကြည်လေးစားခြင်း ခံရသောပုဂ္ဂိုလ်များ) ဆက်လက်ဖွဲ့စည်းရန်အတွက် တိုင်းဒေသကြီး/ ပြည်နယ်၊ ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့အား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက “သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်ဝန်ကြီးချုပ်များထံ သွားရောက်တွေ့ဆုံ၍ ဝန်ကြီးချုပ်၏ လမ်းညွှန်မှုခံယူပြီး ညွှန်ကြားချက်အတိုင်း ဆောင်ရွက်ရန်” လမ်းညွှန်မှုပြုသဖြင့် ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးသိန်းထွေးနှင့် အတွင်းရေးမှူး ဦးအောင်စိုးဝင်းတို့မှ ကော်မရှင်တာဝန်ခံ နေပြည်တော်ကောင်စီဝင် ဦးအောင်မြင့်ထွန်းထံသို့ သွားရောက်တွေ့ဆုံ၍ တင်ပြဆောင်ရွက်ခဲ့ရပြီး နေပြည်တော်ကောင်စီမှ ပေးပို့သည် အမည်စာရင်းများကို ဆက်လက်တင်ပြခဲ့ရာ ယခင်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ၈-၆-၂၀၁၈ ရက်စွဲပါ ကြေညာချက်အမှတ် (၈၁/၂၀၁၈) နှင့် (၈၂/၂၀၁၈) တို့ဖြင့် ပြည်ထောင်စုနယ်မြေအတွင်းရှိ ခရိုင် ၂ ခုနှင့် မြို့နယ် ၈ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် ၆ ဦးစီ တို့အား ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ကြောင်း စိစစ်တွေ့ရှိရပါသည်။ [20]
နိုင်ငံသားစိစစ်ရေးကတ်မရှိသည့် မဲဆန္ဒရှင်များနှင့်စပ်လျဉ်း၍ ယခင်ကော်မရှင်၏ ညွှန်ကြားချက်
နိုင်ငံသားစိစစ်ရေးကတ်မရှိသည့် မဲဆန္ဒရှင်များနှင့်စပ်လျဉ်း၍ ယခင်ကော်မရှင်၏ ညွှန်ကြားချက်
နိုင်ငံသားစိစစ်ရေးကတ်မရှိသည့် မဲဆန္ဒရှင်များနှင့်စပ်လျဉ်း၍ ယခင်ကော်မရှင်၏ ညွှန်ကြားချက်
နိုင်ငံသားစိစစ်ရေးကတ်မရှိသည့် မဲဆန္ဒရှင်များနှင့်စပ်လျဉ်း၍ ယခင်ကော်မရှင်၏ ညွှန်ကြားချက်